ha-7-1-4
နိုင်ငံတကာမှ စာရေးဆရာများ ပါဝင်မည့် The Irrawaddy Literary Festival ပွဲတော်ကို မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလအတွင်း ကျင်းပမည်ဖြစ်ပြီး ယင်းနှင့်ပတ်သက်သည့် စာနယ်ဇင်းရှင်းလင်းပွဲ အခမ်းအနားတစ်ခုကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၆ ရက်နေ့က ရန်ကုန်မြို့ရှိ အင်းလျားလိပ်ဟိုတယ်တွင် ကျင်းပခဲ့သည်။       
အဆိုပါ စာနယ်ဇင်းရှင်းလင်းပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးတို့ ဇနီးမောင်နှံနှင့် The Irrawaddy Literary Festival သို့တက်ရောက်မည့် စာရေးဆရာ George Fitzher nert လည်း တက်ရောက်ခဲ့သည်။
ha-7-1-5
အဆိုပါပွဲတော်ကို မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှနိုင်ငံ သံရုံးမှကြီးမှူးကျင်းပခြင်း ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှနိုင်ငံ သံအမတ်ကြီး၏ ဇနီးတို့ ပူးပေါင်းစီစဉ်မှုဖြင့် ကျင်းပခြင်းဖြစ်သည်ဟု သိရသည်။
"စာပေဆိုတာ လူသားတွေရဲ့ တန်ဖိုးတစ်ခုပါ။ ကျွန်မဘ၀ရဲ့အရေးအပါဆုံး အစိတ်အပိုင်းတစ်ခုမှာ စာပေတွေလည်း ပါဝင်ပါတယ်။ ဒီပွဲကနေတစ်ဆင့် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ယဉ်ကျေးမှုများနဲ့ စာပေအမျိုးအစားတွေ၊ အတွေးအမြင်တွေကို တွေ့မြင်ဖလှယ်နိုင်ဖို့ အထောက်အပံ့တစ်ခုအဖြစ် ရည်ရွယ်ကျင်းပတာပါ" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုပါသည်။
ယင်းပွဲတွင် စာပေဆွေးနွေးမှုများ၊ အမေးအဖြေကဏ္ဍများ၊ ရုပ်ရှင်ပြသမှု၊ ဂီတ၊ အကစသည့် အနုပညာတင်ဆင်မှုများ ဓါတ်ပုံပြပွဲနှင့် အခြားသော အနုပညာပြသမှုများနှင့် မြန်မာ့ရုပ်သေးတင်ဆက်မှု အစီအစဉ်များလည်း ပါဝင်မည်ဟု သိရသည်။
ha-7-1-6
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ကျင်းပမည့် The Irrawaddy Literary Festival ၏ ဖွင့်ပွဲအခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
The Irrawaddy Literary Festival ပွဲတော်သို့တက်ရောက်မည့် နိုင်ငံတကာမှ စာရေးဆရာများတွင် နိုင်ငံတကာ စာပေဆုများ ရရှိထားသူများနှင့် ဂျာနယ်လစ်ဇင်ဆိုင်ရာ ဆုများရရှိထားသူများ အပါအ၀င် ရောင်းအားအကောင်းဆုံး စာရေးဆရာများ စုစုပေါင်း ၂၀ ကျော် တက်ရောက်မည်ဖြစ်သည်။ ထို့အတူ မြန်မာနိုင်ငံမှ စာရေးဆရာများလည်း တက်ရောက်မည်ဖြစ်သည်။
နိုင်ငံတကာမှ လာရောက်မည့် စာရေးဆရာများတွင် Fergal Keane၊ Jung Chang၊ Rory Maclean၊ Vikram Seth၊ William Dalrymple၊ Akash Kapur၊ Jonat han Powell၊ Rory Stewart၊ Timothy Garton Ash၊ George Fitzherbert၊ Nick Danziger၊ Rupert Arrowsmith၊ Frank Dikotter၊ Josceline Dimb- leby၊ Sudha Shah၊ Caroline Cou- rtauld၊ James Byrne၊ Michael Vatikiotis၊ Dinah Sianturi၊ Thie- rry Falise၊ Jean Seaton၊ Tom Maschler၊ James Mackay နှင့် Victor Chan တို့ပါဝင်မည် ဖြစ်သည်။
ယင်းပွဲသို့ တက်ရောက်မည့် မြန်မာစာရေးဆရာများတွင် သန့်မြင့်ဦး၊ Pascal Khoo Thwe၊ ဇာဂနာ၊ ဦးသော်ကောင်း၊ ဦးသိန်းနိုင်၊ ဒေါက်တာခင်အေး၊ ဒေါက်တာစိုးနိုင်၊ ဦးဘသန်း၊ ဦးဘမြင့်၊ ဒေါက်တာမောင်မောင်စံ၊ ဒေါက်တာတင်လှိုင်၊ ဒေါ်ကြည်ကြည်လှ၊ ဦးငြိမ်းမင်း၊ ဦးကြည်မင်း၊ ဟန်ဇော်၊ နေဘုန်းလတ်၊ ပန်ဒိုရာ၊ မင်းခိုက်စိုးဇန်၊ ခင်သန္တာ၊ အဖြူရောင်(ရွှေ)၊ ရွှေကူမေနှင်း၊ လေးကိုတင်၊ မြူမြူ၊ ဖေမြင့်၊ ဇော်သက်ထွေး၊ ဇေယျာလင်း၊ ရဲသျှန်း၊ မြသွေးနီ၊ စိန်မျိုးမြင့်၊ စိုးသော်တာ၊ ထိန်ဝင်း၊ မသီတာ(စမ်းချောင်း) စသူတို့ပါဝင်မည်ဖြစ်ကြောင်း သိရသည်။


ha-7-1-3
၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်းက လက်နက်ခဲယမ်းများ တွေ့ရှိခဲ့ရသော Diamond Star Company အားတွေ့မြင်ရစဉ်
ဒဂုံမြို့သစ်အရှေ့ပိုင်း စက်မှုဇုန်အတွင်းရှိ ဒိုင်းမွန်းစတားကုမ္ပဏီမှ မှာယူထားသော ဂျုံစေ့များထည့်ထားသည့် ကွန်တိန်နာအတွင်း လက်နက်ခဲ့ယမ်းများ တွေ့ရှိမှုအပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုပြီးစီးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အဖြေရလဒ် တင်ပြထားပြီးဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။     
"ကျွန်တော်တို့အနေနဲ့က ဒီဖြစ်စဉ်နဲ့ပတ်သတ်လို့ အားလုံးကို စစ်ဆေးပြီးသွားပါပြီ။ ရလာတဲ့အဖြေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြထားပါတယ်။ စစ်ဆေးချက်အဖြေကိုတော့ ပြောပိုင်ခွင့်တော့ မရှိပါဘူး" ဟု ကွန်တိန်နာအတွင်း လက်နက်ခဲယမ်းပါရှိမှုတွင် စုံစမ်းစစ်ဆေးခဲ့သည့်အဖွဲ့မှ ရဲမှူးမြင့်အေးမှ ပြောခဲ့သည်။        
အဆိုပါ လက်နက်ခဲယမ်းများပါရှိသော ကွန်တိန်နာမှာ M.V Vission 1204 သဘောင်္နှင့် ရန်ကုန်ဆိပ်ကမ်းရှိ MITT တံတားသို့ စက်တင်ဘာလ ၁၂ ရက်နေ့က ရောက်ရှိလာခြင်းဖြစ်ပြီး ၄င်းကွန်တိန်နာ အပါအ၀င် ဒိုင်းမွန်းစတားကုမ္ပဏီ၏ ဂျုံစေ့ကွန်တိန်နာ အလုံး ၄၀ အား စက်တင်ဘာလ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့တို့တွင် ဆိပ်ကမ်းမှ ထုတ်ယူခဲ့ကြောင်း သိရသည်။
ကွန်တိန်နာအတွင်း လက်နက်ခဲယမ်းများ ပါရှိမှုမှာ ကုမ္ပဏီနှင့် သက်ဆိုင်ခြင်းမရှိကြောင်းနှင့် လက်နက်ခဲယမ်းများ တွေ့ရှိချိန်မှစ၍လည်း သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကြောင်း ကုမ္ပဏီတာဝန်ရှိသူမှ ဖြစ်စဉ်ဖြစ်ပွားချိန်အတွင်း ပြောကြားခဲ့သည်။           
ယင်းဖြစ်စဉ်ဖြစ်ပွားချိန်တွင် သီလ၀ါဆိပ်ကမ်းရှိ X-ray စက်မှာ ပျက်နေကြောင်း၊ ကွန်တိန်နာအတွင်းရှိ ဂျုံအိတ်များကို X-ray နဲ့မစစ်ဘဲ ဆူးထိုးပြီးစစ်ဆေးခဲ့ကြောင်း၊ လက်နက်ခဲယမ်းပါရှိသော ကွန်တိန်နာမှာ စင်ကာပူဆိပ်ကမ်းမှ လာရောက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။


ha-6-1-9
၂၀၁၂ ခုနှစ် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ အဟုန်သည် ဧပြီလနောက်ပိုင်းတွင် ပိုမိုခြေလှမ်းသွက်လာသည်ဟု ဆိုနိုင်သော်လည်း အစိုးရအဖွဲ့၊ လွှတ်တော်အသီးသီးနှင့် လွှတ်တော်တွင်း နိုင်ငံရေးပါတီများ၏ ပွင့်လင်းမြင်သာမှုအပိုင်းတွင် နှေးကွေးလေးလံနေဆဲ ဖြစ်သည်ဟု ကောက်ချက်ပြုရမည်။ ပွင့်လင်းမြင်သာမှုသည် ပြုပြင်ပြောင်းလဲရေး၏ အဓိကတွန်းအားများထဲမှ တစ်ခုဖြစ်ပြီး ပြုပြင်ပြောင်းလဲရေးအပေါ် ပြည်သူလူထု၏ ယုံကြည်မှုနှင့် ထောက်ခံမှု မြင့်မားလာရေးတွင် အစိုးရ၊ လွှတ်တော်များနှင့် နိုင်ငံရေးပါတီများ အနေဖြင့် ယခုထက်ပိုမို၍ ပွင့်လင်းမြင်သာမှုရှိရေးသည်လည်း အရေးကြီးသော အချက်တစ်ချက်ဖြစ်သည်။
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်တွင် အစိုးရဌာန အဖွဲ့အစည်းများ၏ စီမံအုပ်ချုပ်မှုစနစ် တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များကိုလည်းကောင်း၊ ဒီဇင်ဘာလ ၂၆ ရက်တွင် တတိယအကြိမ်၊ စီမံကိန်းကော်မရှင် အစည်းအဝေးတွင် လည်းကောင်း၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် တတိယအကြိမ်၊ စီမံကိန်းကော်မရှင်၊ ဒုတိယနေ့ အစည်းအဝေးတွင်လည်းကောင်း၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ နိုင်ငံခြားအကူအညီ အထောက်အပံ့ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၊ ဒုတိယအကြိမ် အစည်းအဝေးတွင် လည်းကောင်း မိန့်ခွန်းပြောကြားခဲ့သည်။ အဆိုပါသမ္မတ  ဦးသိန်းစိန်၏ ၂၀၁၂ ခုနှစ်၊ နှစ်ကုန်ခါနီး ပြောကြားခဲ့သော မိန့်ခွန်းများသည် ၂၀၁၃ ခုနှစ် မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အလားအလာများကို ခန့်မှန်းသုံးသပ်နိုင်ရန် အတိုင်းအတာတစ်ခုအထိ လှစ်ဟပြခဲ့သည်ဟု သုံးသပ်နိုင်သည်။
သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းများကို နိုင်ငံပိုင်သတင်းစာများ၊ သမ္မတရုံး အင်တာနက် စာမျက်နှာ၊ ပြန်ကြားရေးဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာတို့တွင် ဖော်ပြခဲ့သည့်အပြင် အချို့မိန့်ခွန်းများကို ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်ကိုလည်း တွေ့ရှိရသည်။ မိန့်ခွန်းများကို တိုက်ရိုက်ထုတ်လွှင့်ခြင်းနှင့် နေ့စဉ်ထုတ် သတင်းစာများတွင် အပြည့်အစုံ ဖော်ပြခြင်းတို့သည် ပွင့်လင်းမြင်သာမှုနှင့် ပြည်သူလူထု ဗဟိုပြု အုပ်ချုပ်ရေးစနစ်ကို ပံ့ပိုးပေးနိုင်သည်။ သို့သော် ၂၀၁၂ ခုနှစ်၊ နှစ်ကုန်ပိုင်း သမ္မတ၏ မိန့်ခွန်းများသည် ပြည်သူလူထု၏ နှလုံးအိမ်ကို ကိုင်လှုပ်နိုင်မှု အပိုင်းတွင် အားနည်းခဲ့သည်ဟု ထင်မြင်မိသည်။ မိန့်ခွန်းပါ အကြောင်းအရာ အများစုသည် ယေဘုယျသဘော ဆောင်ခဲ့သည်။ တစ်နည်းအားဖြင့် လွန်ခဲ့သောနှစ်အတွင်း သမ္မတ၏ မိန့်ခွန်းများတွင် ပြည်သူလူထုအတွက် သည်းခြေကြိုက် အကြောင်းအရာများ မရှိသလောက် နည်းပါးခဲ့သည်ဟု ဆိုနိုင်သည်။
အစိုးရ သတင်းစာများတွင် သမ္မတဦးသိန်းစိန်၏ စီမံကိန်းကော်မရှင် တတိယအကြိမ် အစည်းအဝေး၊ နိုင်ငံခြားအကူအညီ အထောက်အပံ့ စီမံခန့်ခွဲရေး ဗဟိုကော်မတီ ဒုတိယအကြိမ် အစည်းအဝေး အပါအ၀င် နိုင်ငံတော်အဆင့် အစည်းအဝေးများ တက်ရောက်ပြီး မိန့်ခွန်းပြောကြားသည့် သတင်းများကို ဖော်ပြရာတွင် မိန့်ခွန်းကို အပြည့်အစုံ သို့မဟုတ် အနှစ်ချုပ် ဖော်ပြလေ့ ရှိသော်လည်း၊ အစည်းအဝေးများတွင် အစိုးရအဖွဲ့ဝင်များ၏ ဆွေးနွေးပြောဆိုမှုများ၊ ဆုံးဖြတ်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အစိုးရပိုင် သတင်းစာများတွင် အသေးစိတ်ထည့်သွင်း ဖော်ပြခြင်း မရှိသည်မှာ သမ္မတနှင့် အစိုးရအဖွဲ့တို့ ဦးတည်သည့် ပြည်သူလူထု ဗဟိုပြုအုပ်ချုပ်ရေးစနစ်၊ ပွင့်လင်းမြင်သာသော အုပ်ချုပ်ရေးစနစ်တို့နှင့် သွေဖယ်နေပုံရသည်ဟု သုံးသပ်မိသည်။
အစိုးရအဖွဲ့၏ ဆွေးနွေးပွဲသတင်း၊ အစည်းအဝေးသတင်းများကို ယခုထက်ပိုမို ပြည့်ပြည့်စုံစုံ အစိုးရသတင်းစာများတွင် ထည့်သွင်းဖော်ပြလာနိုင်မည် ဆိုပါက ပြည်သူလူထုသည် အစိုးရသတင်းစာများကို ပိုမိုစိတ်ဝင်စားလာနိုင်သည့်အလျောက်၊ အစိုးရ၏ လုပ်ငန်းစဉ်များအပေါ် လူထုစိတ်ဝင်စားမှုလည်း မြင့်တက်လာနိုင်သည်။ အစိုးရအဖွဲ့၏ ပွင့်လင်းမြင်သာမှုကိုလည်း မြှင့်တင်ရာရောက်သည်။ နိုင်ငံတော်၏ စီမံကိန်းများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပိုမိုကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်နိုင်ပြီး ယင်းတို့အပေါ် ပြည်သူလူထု၏ ဝေဖန်မှု၊ အကြံပြုမှုများကိုလည်း ဖိတ်ခေါ်နိုင်မည်ဆိုလျှင် အစိုးရသည် ပြည်သူလူထုဘက်ကို မျက်နှာမူလာသည့်သဘောဆောင်ပြီး ပြည်သူဗဟိုပြု အုပ်ချုပ်ရေးစနစ်ကိုလည်း ပံ့ပိုးပေးရာ ရောက်မည်ဖြစ်သည်။
အစိုးရသည် ပြည်သူလူထုကို ကိုယ်စားပြုပါက ပြည်သူလူထုကို ဗဟိုပြုပါက ပြည်သူလူထုကို တန်ဖိုးထားရန် လိုအပ်သည်။ လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲများ၊ ပြည်သူလူထု ဆန္ဒမဲများနှင့် တက်လာသော အစိုးရများသည် ပြည်သူလူထု၏ အစေခံဖြစ်ပြီး ပြည်သူလူထုသည် အစိုးရ၏ မိဘ၊ အုပ်ထိန်းသူ ဖြစ်သည်။ ပြည်သူလူထုက မလိုလားလျှင်၊ မထောက်ခံလျှင် အစိုးရကို ဖယ်ရှားနိုင်သည့် အခွင့်အရေးကို ဒီမိုကရေစီစနစ် ကျင့်သုံးသောနိုင်ငံများတွင် မဲဆန္ဒရှင်များထံ အပ်နှင်းထားသည်။ ထို့ကြောင့် ပြည်သူ့ကျွန်ဖြစ်သော အစိုးရသည် မိဘဖြစ်သော ပြည်သူလူထု၏ အကျိုးကို ရွက်ဆောင်ရမည်မှာ ပင်ကိုတရားပင် ဖြစ်သည်။
ပြည်ထောင်စုအစိုးရအဖွဲ့၏  သက်တမ်း နှစ်နှစ် စွန်းစွန်းကာလအထိ အစိုးရအဖွဲ့အနေဖြင့်လည်းကောင်း၊ အစိုးရအဖွဲ့၏ ၀န်ကြီးဌာနများ အနေဖြင့်လည်းကောင်း လစဉ် ပုံမှန်သတင်းစာရှင်းလင်းပွဲများ ပြုလုပ်နိုင်ခြင်း မရှိသည်ကို သတိပြုမိသည်။ အစိုးရအဖွဲ့နှင့် ၀န်ကြီးဌာန အသီးသီးတွင် သတင်းထုတ်ပြန်ရေး အဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ထားလင့်ကစား ပုံမှန်သတင်းစာရှင်းလင်းပွဲများ မပြုလုပ်နိုင်ခြင်းသည် အစိုးရအဖွဲ့၏ သတင်းမီဒီယာများနှင့် ဆက်ဆံရေးအပိုင်း အားနည်းချက်ကို ဖော်ပြနေသည်ဟု သုံးသပ်နိုင်ပါသည်။ အစိုးရအဖွဲ့အနေဖြင့် သတင်းမီဒီယာများမှတစ်ဆင့် ပြည်သူလူထုကို အသိပေးခြင်းဖြင့် အစိုးရအဖွဲ့၏ ပွင့်လင်းမြင်သာမှု၊ ပြည်သူဗဟိုပြုမှု စသည့်အချက်များ မြှင့်တင်နိုင်သည်ကို မျက်စိရှန်းနေပုံရသည်ဟုလည်း သုံးသပ်ကြသည်။ နိုင်ငံတကာ အစိုးရအဖွဲ့များ၊ ၀န်ကြီးဌာနများတွင် ပုံမှန်သတင်းစာရှင်းလင်းပွဲများ ပြုလုပ်သည့်အပြင် အရေးကြီးလျှင်ကြီးသလို သတင်းသမားများအား ဖိတ်ခေါ်ပြီး အထူးရှင်းလင်းပွဲများ ပြုလုပ်ခြင်းဖြင့် မိမိတို့၏ သတင်း၊ အချက်အလက်များကို အများပြည်သူထံ အလျင်အမြန် စီးဆင်းနိုင်ရန် အားထုတ်ကြသည်ချည်း ဖြစ်သည်။

မြန်မာ့နိုင်ငံရေး ပတ်ဝန်းကျင်တွင် တစ်ဦးကောင်း၊ တစ်ယောက်ကောင်း၊ သူရဲကောင်းဝါဒများ အကင်းမသေသေးသမျှ ဒီမိုကရေစီ အုတ်မြစ်ချဖို့ရာ ခက်ခဲနေဦးမည် ဖြစ်သည်။ ပါတီစုံ ဒီမိုကရေစီ နိုင်ငံရေးသည် အသင်းအဖွဲ့ကောင်း၊ အစုအဖွဲ့ကောင်းအပေါ် အခြေပြုလျက် စုပေါင်းဆွေးနွေး၊ စုပေါင်းဆုံးဖြတ်၊ စုပေါင်းအကောင်အထည်ဖော်ရသည့် အလျောက်  .  .  .
ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့သည် လက်ရှိအခြေအနေတွင် ပွင့်လင်းမြင်သာမှု အရှိဆုံးဟု ဆိုနိုင်သည်။ လွန်ခဲ့သော လွှတ်တော်အစည်းအဝေးပွဲများမှစ၍ ပြည်တွင်း၊ ပြည်ပ သတင်းစာသမားများ၊ သတင်းထောက်များကို လွှတ်တော်အစည်းအဝေးများတွင် လွတ်လွတ်လပ်လပ် တက်ရောက်သတင်းယူခွင့် ပြုခဲ့ခြင်းသည် လွန်ခဲ့သော နှစ်များအတွင်း အမြင့်မားဆုံး ပွင့်လင်းမြင်သာမှုကို ဖြစ်စေခဲ့သည်။ သို့သော် လွှတ်တော်တွင်း နေ့စဉ်ဆွေးနွေးပြောဆိုမှုများကို အများပြည်သူ လက်လှမ်းမီသည့် မီဒီယာမှတစ်ဆင့် တိုက်ရိုက်လွှင့်ထုတ်နိုင်ခြင်း မရှိသည်မှာ အပြစ်တင်ဖွယ်ကောင်းသော အနေအထားဖြစ်သည်။ လွှတ်တော်တွင်း ဆွေးနွေးမှုများကို ရေဒီယိုမှ တိုက်ရိုက်ထုတ်လွှင့်ပေးနိုင်မည်ဆိုပါက ပြည်သူ့အသံ၊ လွှတ်တော်အသံဆိုသည့် ဆောင်ပုဒ်အတိုင်း လွှတ်တော်၏ လှုပ်ရှားမှု၊ ဂယက်များသည် အောက်ခြေပြည်သူလူထုဆီအထိ စီးဝင်နိုင်မည် ဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံတွင် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများသည်ပင်လျှင် အက်ဖ်အမ်ရေဒီယိုလိုင်းများ အပြိုင်အဆိုင် လုပ်ကိုင်နေသည့် အခြေအနေတွင် ပြည်သူလူထုနှင့် လွှတ်တော်ကို ဆက်စပ်ပေးမည့် သီးခြားအက်ဖ်အမ် ရေဒီယိုလိုင်းတစ်ခု မထုတ်လွှင့်နိုင်ခြင်းကို နားမလည်နိုင် ဖြစ်ရသည်။ ထိုသို့ တိုက်ရိုက်ထုတ်လွှင့်နိုင်ပါက အောက်ခြေပြည်သူလူထုထံမှ လိုလားချက်၊ မျှော်လင့်ချက်အသံများသည်လည်း လွှတ်တော်ထဲသို့လည်း ပြန်လည်ရောက်ရှိနိုင်မည် ဖြစ်သည်။ လတ်တလော ရေဒီယိုမှ တိုက်ရိုက်မထုတ်လွှင့်နိုင်သည့်တိုင် နေ့စဉ်ထုတ်သတင်းစာများတွင် လွှတ်တော်တွင်း ဆွေးနွေးသည့် အကြောင်းအရာများကို သီးခြားအချပ်ပို ထည့်သွင်းပြီး ပိုမိုစုံလင်စွာ ဖော်ပြပေးလာနိုင်မည်ဆိုလျှင် ပြည်သူလူထု၏ လွှတ်တော်အပေါ် စိတ်ဝင်စားမှုသည်လည်း မြင့်တက်လာနိုင်ပါသည်။
လွှတ်တော်များအနေဖြင့် ပြည်သူလူထုနှင့် စနစ်တကျသော ချိတ်ဆက်မှု ပြုလုပ်နိုင်ရန် လွှတ်တော်အသီးသီး၏ ကော်မတီများမှ ထုတ်ဝေသော အစီရင်ခံစာများနှင့် အခြားအစီရင်ခံစာများကို အများပြည်သူ သိရှိနိုင်အောင် အချိန်မီထုတ်ပြန်ရမည့်အပြင် လေ့လာလိုသူများ၊ သုတေသီများကို ဖိတ်ခေါ်ပြီး လွှတ်တော်အစီရင်ခံစာများ၏ အားနည်းချက်၊ လိုအပ်ချက်၊ ပြုပြင်ရမည့် အချက်များကို ဆွေးနွေးအကြံပြုနိုင်မည် ဆိုပါက လွှတ်တော်အတွက်သာမက လွှတ်တော်ကိုယ်စားလှယ်များအတွက်ပါ များစွာအကျိုးရှိသည်ဟု သုံးသပ်နိုင်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသား နိုင်ငံရေးပါတီများ အပါအ၀င် ပြည်တွင်းနိုင်ငံရေး ပါတီခေါင်းဆောင်များသည် အတိုင်းအတာတစ်ခုအထိ ပွင့်လင်းသော မိန့်ခွန်းများကို ပြောကြားခဲ့ကြသော်လည်း တိုင်းပြည်၏ အဓိကပြဿနာများနှင့် စပ်လျဉ်း၍ နိုင်ငံရေးခေါင်းဆောင် အများစု၏ မိန့်ခွန်းများပါ အချက်အလက်များသည် ယေဘုယျသဘောသာ ဖြစ်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲများ၊ ဆွေးနွေးပွဲများတွင် ပြောကြားသည့် အကြောင်းအရာများသည်လည်း ယေဘုယျသဘော၊ အလွတ်သဘောသာ ဖြစ်သည်ကို သတိပြုမိသည်။
ထို့အပြင် နိုင်ငံရေးပါတီများသည် ပုံမှန်သတင်းစာရှင်းလင်းပွဲများ လုပ်လေ့လုပ်ထရှိသည်ကို မတွေ့ရခြင်းပင် ဖြစ်သည်။ အကယ်စင်စစ် ပုံမှန်သတင်းစာရှင်းလင်းပွဲများသည် နိုင်ငံရေးပါတီများအတွက် သတင်းနှင့်ပြန်ကြားရေး၊ အများပြည်သူနှင့် ဆက်ဆံရေးတို့အတွက် တံတားထိုးပေးသော ယန္တရားများဖြစ်သဖြင့် များစွာသုံးသပ်ကာ လာမည့်နှစ်အတွင်း ပုံမှန်သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ပြီး သတင်းသမားများနှင့် ထိတွေ့ဆက်ဆံမှုများ ပိုမိုပြုလုပ်သင့်သည်ဟု အကြံပြုလိုပါသည်။ မီဒီယာများသည် သုံးတတ်လျှင်ဆေးဖြစ်ပြီး မသုံးတတ်လျှင် ဘေးဖြစ်နိုင်သည်။ နိုင်ငံရေးပါတီ ခေါင်းဆောင်များအနေဖြင့် သတင်းသမားများ၊ သတင်းထောက်များကို အသက်အရွယ်အားဖြင့် ငယ်ရွယ်သူများ ဖြစ်လင့်ကစား တူမျှသောလေးစားမှုပေးကာ ထိတွေ့ဆက်ဆံသင့်သည်ဟု အကြံပြုလိုပါသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် နိုင်ငံရေးပါတီ အများစုသည် ယခုအချိန်အထိ ပါတီ၏ မူဝါဒ၊ လမ်းစဉ်၊ သဘောထားတို့အပေါ် အခြေပြုလျက် ပြည်သူလူထုကို စည်းရုံးနိုင်ခြင်း၊ ပါတီကို တည်ဆောက်နိုင်ခြင်း မရှိသေးသော်လည်း တိုင်းရင်းသားပါတီ အများစုသည် ပါတီ၏ လမ်းစဉ်နှင့် မူဝါဒအပေါ် အခြေခံလျက် ပါတီတည်ဆောက်ရေးကို ဆောင်ရွက်နေပြီ ဖြစ်သည်။ ၂၀၁၃ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအောက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ပထမအကြိမ် ပါတီညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်ပြီး လမ်းစဉ်နှင့် မူဝါဒအပေါ် အခြေခံသည့် နိုင်ငံရေးပါတီတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းလာနိုင်ရန် အလားအလာ ကောင်းနေသည်ဟု ကောက်ချက်ပြုရမည် ဖြစ်သည်။
မြန်မာ့နိုင်ငံရေး ပတ်ဝန်းကျင်ရှိ နိုင်ငံရေးပါတီများသည် ပါတီအဖွဲ့အစည်းကို စနစ်တကျ တည်ဆောက်နိုင်ရန် အထူးအရေးကြီးသည်။ စနစ်ကျသော ပါတီတည်ဆောက်ရေးသည် မြန်မာ့ဒီမိုကရေစီ ခရီးအတွက် ရေရှည်ရင်းနှီးမြှုပ်နှံမှုကြီးပင် ဖြစ်သည်။ ပါတီအဖွဲ့အစည်းများ တည်ဆောက်ခြင်းကို အားသွန်ခွန်စိုက် ဖော်ဆောင်နိုင်မှသာ အာဏာရှင်စနစ်နှင့် အကြွင်းမဲ့ အာဏာရှင်စနစ်တို့ဆီ ဦးတည်နိုင်သည့် ပုဂ္ဂိုလ်ရေး အလွန်အမင်း ယုံကြည်မှု သို့မဟုတ် ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုတို့ကို တဖြည်းဖြည်း လျှော့ချပြီး အကင်းသေအောင် ပြုလုပ်နိုင်မည် ဖြစ်သည်။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှု အကင်းသေမှသာ ဒီမိုကရေစီစနစ်နှင့် အများဆန္ဒကို အခြေခံသည့် စနစ်တို့ စနစ်တကျ ဖွံ့ဖြိုးကာ တိုင်းပြည်အတွက် ရေရှည်တွင် အကျိုးဖြစ်ထွန်းနိုင်မည် ဖြစ်သည်။
မြန်မာ့နိုင်ငံရေး ပတ်ဝန်းကျင်တွင် တစ်ဦးကောင်း၊ တစ်ယောက်ကောင်း၊ သူရဲကောင်းဝါဒများ အကင်းမသေသေးသမျှ ဒီမိုကရေစီ အုတ်မြစ်ချဖို့ရာ ခက်ခဲနေဦးမည် ဖြစ်သည်။ ပါတီစုံ ဒီမိုကရေစီ နိုင်ငံရေးသည် အသင်းအဖွဲ့ကောင်း၊ အစုအဖွဲ့ကောင်းအပေါ် အခြေပြုလျက် စုပေါင်းဆွေးနွေး၊ စုပေါင်းဆုံးဖြတ်၊ စုပေါင်းအကောင်အထည်ဖော်ရသည့်အလျောက် ခေါင်းဆောင်တစ်ဦး သို့မဟုတ် ခေါင်းဆောင်အချို့၏ ဗဟိုဦးစီးဆန်ဆန် ဆုံးဖြတ်လုပ်ဆောင်တတ်သည့် အရိုးစွဲအမူအကျင့်များကို အစိုးရအဖွဲ့၊ လွှတ်တော်များနှင့် နိုင်ငံရေးပါတီများတွင် တဖြည်းဖြည်း လျော့ချနိုင်မှသာ ပါတီစုံ ဒီမိုကရေစီစနစ်ကို အပြောမဟုတ်၊ မိန့်ခွန်းထဲတွင်သာမဟုတ်၊ လက်တွေ့တွင် အကောင်အထည်ဖော်နိုင်မည် ဖြစ်သည်။
အချုပ်အားဖြင့်ဆိုသော် အစိုးရ၊ လွှတ်တော်များနှင့် နိုင်ငံရေးပါတီများ အနေဖြင့် ပြည်သူလူထု၏ အကျိုးဘက်မှ ရပ်တည်မှုနှင့် ပွင့်လင်းမြင်သာရှိမှုတို့ကို ပိုမိုမြှင့်တင်နိုင်မည် ဆိုပါက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ယန္တရားသည် ပိုမိုအားကောင်းမောင်းသန်လာမည် ဖြစ်သည်။ အစိုးရ၊ လွှတ်တော်များ၊ နိုင်ငံရေးပါတီများနှင့် ပြည်သူလူထုအကြား ပွင့်လင်းမြင်သာမှု တဖြည်းဖြည်း မြှင့်တင်နိုင်ရေးကို နည်းဗျူဟာ၊ အစီအမံများ ချမှတ်ဆောင်ရွက် တိုက်တွန်းကြရမည်မှာ ယနေ့အပြောင်းအလဲတွင် ဇာတ်စီးနေသူအားလုံးတွင် တာဝန်ရှိသည်ဟု ယုံကြည်ပါသည်။ တစ်ချိန်တည်းတွင် မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်ရှိ ပါတီ၊ အဖွဲ့အစည်းများ စနစ်တကျ ဖွဲ့တည်ရေးကိုလည်း မဖြစ်မနေ ဇောင်းပေးကြရမည် ဖြစ်သည်။ တစ်ဖက်တွင်လည်း ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုအားကြီးခြင်း၊ လမ်းစဉ်၊ မူဝါဒများ ပျော့ပျောင်းခြင်းတို့ကြောင့် ပြုပြင်ပြောင်းလဲရေးနှင့် ဒီမိုကရေစီခရီးသည် နှေးသည်သထက် နှေးကွေးနေနိုင်သည်ကိုလည်း သတိပြုအပ်သည်ဟု စေတနာအကျိုးမျှော် နှိုးဆော်လိုက်ရပါသည်။

၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့က ဟဲဟိုးလေဆိပ်အနီး ပျက်ကျခဲ့သော Air Bagan လေယာဉ်၏ Black Box အား စင်ကာပူနိုင်ငံမှ လက်ခံစစ်ဆေးရန် ငြင်းပယ်ခဲ့သဖြင့် သြစတြေးလျနိုင်ငံသို့ ဆက်လက်ပေးပို့ စစ်ဆေးသွားမည်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌဖြစ်သူ ဦးဝင်းဆွေထွန်းက ဇန်န၀ါရီ ၆ ရက် နေ့က ပြောကြားသည်။
''မီးလောင်ပြင်ထဲကနေ ဆွဲထုတ်ထားရတော့ ပျက်စီးမှု အတိုင်းအတာ များတဲ့အပြင် စင်ကာပူနိုင်ငံက ပစ္စည်း မပြည့်စုံတာကြောင့် လက်မခံတာပါ။ ဇန်န၀ါရီ တတိယပတ်မှာ သြစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့မှာ ရှိတဲ့ Australian Transport Safety Bur-eau (ATSB) ကို ပေးပို့ပြီး ဆက်လက် စစ်ဆေးသွားမှာပါ'' ဟု ဦးဝင်းဆွေထွန်းက ဆိုသည်။
Black Box အား စစ်ဆေးရန် သြစတြေးလျနိုင်ငံသို့ ပေးပို့ရာတွင် စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်များကိုယ်တိုင် သွားရောက် ပေးပို့သွားမည်ဖြစ်ပြီး၊ စစ်ဆေးရာတွင်လည်း ကော်မရှင်အဖွဲ့ဝင်များ ကိုယ်တိုင်ပါဝင် စစ်ဆေးသွားမည်ဟု သိရသည်။

Black Box အား စစ်ဆေးရန် သြစတြေးလျနိုင်ငံသို့ ပေးပို့ရာတွင် စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်များကိုယ်တိုင် သွားရောက် ပေးပို့သွားမည်ဖြစ်ပြီး၊ စစ်ဆေးရာတွင်လည်း ကော်မရှင်အဖွဲ့ဝင်များ ကိုယ်တိုင်ပါဝင် စစ်ဆေးသွားမည်
Black Box အား စစ်ဆေးရန် ကမ်းလှမ်းခဲ့သည့် စင်ကာပူနိုင်ငံနှင့် သြစတြေးလျနိုင်ငံများမှ ဌာနများမှာ အစိုးရဌာနများသာဖြစ်ပြီး၊ Black Box အား အစိုးရဌာန အချင်းချင်းသာ ချိတ်ဆက်၍ စစ်ဆေးမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
Black Box (လေယာဉ်ပျံသန်းမှု မှတ်တမ်းသေတ္တာ) မှာ လေယာဉ်ပျံသန်းမှု အမြင့်၊ မြန်နှုန်း စသည့် လေယာဉ်နှင့် ပတ်သက်သည့် အချက်အလက်များအား မှတ်တမ်းတင်သော ကိရိယာဖြစ်ပြီး၊ အချိန်တစ်လ အထိ မှတ်တမ်းတင်နိုင်သည့် Flight Data Recorder (FDR) နှင့် Cockpit Voice Recorder (CVR) သည် လေယာဉ်မှူးနှင့် လေကြောင်းထိန်းသိမ်းရေး တာဝါ ဆက်သွယ်သော အသံများကို မှတ်တမ်းတင်ထားသော ကိရိယာဖြစ်သည်။
ရန်ကုန်-မန္တလေး-ဟဲဟိုး-ရန်ကုန် ခရီးစဉ် ပျံသန်းသော Air Bagan လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးသည် ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်က မန္တလေးလေဆိပ်မှ ဟဲဟိုးလေဆိပ် သို့ ဆင်းသက်ချိန်တွင် ပျက်ကျမှု ဖြစ်ပွားခဲ့ပြီး၊ အဆိုပါ လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ်ပါ ခရီးသည် ၆၅ ဦးအနက် ဧည့်လမ်းညွှန် တစ်ဦးနှင့် မြေပြင်မှ ဆိုင်ကယ်သမားတဦးသေဆုံးခဲ.သည်။


thn-1-6-1
(၁)
ဒီဇင်ဘာလ ၂၃ ရက်နေ့ ညသန်းခေါင်အချိန်။ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ခေါင်းဆောင် ဦးယွပ်ဇော်ခေါင်ဆီကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က စာတစ်စောင် ရောက်လာခဲ့ပါတယ်။သတိပေး အကြောင်းကြားရန်ကိစ္စ။လဂျားယန် တပ်စခန်းအတွက် အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်ရန် လမ်းကြောင်းအတိုင်း ၀င်ရောက်ရန် ရှိပါသည်။ သို့ပါ၍ လမ်းကြောင်းတစ်လျောက်ရှိ ကေအိုင်အေအဖွဲ့များအား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက် နောက်ဆုံးထား၍ နောက်ဆုတ်ပေးရေး ကေ အိုင်အေအဖွဲ့သို့ သတိပေးသွားရန် အကြောင်းကြားအပ်ပါသည်။ စာပါ အကြောင်းအရာက ဒီလောက်မျှ။ စာပိုဒ်ရဲ့အောက်ခြေမှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်က လက်မှတ်ရေးထိုးခဲ့ပါတယ်။
လဂျားယန်ဒေသဆိုတာ KIO/KIA ဌာနချုပ်(လိုင်ဇာ)မြို့ရဲ့ အနောက်ဘက် ၆ မိုင်ခန့်အကွာမှာ ရှိပါတယ်။ မြစ်ကြီးနားကနေ မိုင် ၇၀ ခန့်အကွာမှာ ရှိနေပါတယ်။ မြစ်ကြီးနား-လိုင်ဇာလမ်းဆုံ၊ ဗန်းမော်လမ်းခွဲ မိုးလဲတံတားကို မရောက်ခင်မှာ 'လိုင်ဇာမြို့မှ ကြိုဆိုပါ၏'ဆိုတဲ့ မုခ်ဦးကို အရင်တွေ့ရပါမယ်။ ဒီမုခ်ဦးကို ကျော်ဝင်သွားရင် လိုင်ဇာမြို့ထဲ ရောက်ပါမယ်။ လိုင်ဇာမြို့ထဲ ဆက်သွားရင်တော့ KIO/KIA ဌာနချုပ်၊ နောက်ပြီး တရုတ်နိုင်ငံ နယ်စပ်ထွက်ပေါက်ကို ရောက်ပါလိမ့်မယ်။ မိုးလဲ တံတားဘက်ကို ဖြတ်ပြီး ဆက်သွားရင် ဗန်းမော်ကို ရောက်ပါမယ်။ လိုင်ဇာကိုသွားသည် ဖြစ်စေ၊ ဗန်းမော်ကို သွားသည်ဖြစ်စေ လဂျားယန်ကို ကျော်ဖြတ်ရပါလိမ့်မယ်။
၁၉၉၄ ခုနှစ်ကနေ ၂၀၁၁ ခုနှစ် အထိ အပစ်အခတ် ရပ်စဲရေး ၁၇ နှစ် တာကာလမှာတော့ လဂျားယန်ဒေသဟာ အစိုးရနဲ့ KIO အကြား buffer zone လို ဖြစ်နေခဲ့ပါတယ်။ အစိုးရတပ်တွေရဲ့ ရှေ့တန်းစခန်းရှိခဲ့သလို KIA တပ်ဖွဲ့ဝင်တွေကလည်း ဒီနယ်မြေမှာ လွတ်လပ်စွာသွားလာ လှုပ်ရှားခဲ့ပါတယ်။နောက်ပြီး အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးရုံး၊  KIO ရဲ့ ဆက်ဆံရေးရုံးစတဲ့ ရုံးအဆောက်အအုံတွေလည်း လဂျားယန်မှာ ရှိခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် ဇွန်လတိုက်ပွဲတွေ ပြန်စပြီးနောက်မှာ အစိုးရတပ်တွေက လိုင်ဇာအစပ် လဂျားယန်ဘက်ကနေ ဆုတ်ခွာသွားခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ လဂျားယန်ဒေသမှာ ရှိနေတဲ့ နယ်မြေအများစုကို KIA က ထိန်းချုပ်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်ကုန်ဆုံးလို့ ၂၀၁၃ ခုနှစ်ထဲ ရောက်လာချိန်အထိ မြစ်ကြီးနားမြို့မှာ မှောင်အတိဖြစ်ဆဲ၊ မီးစက်သံတွေကြားဆဲ၊ ဖုန်းလိုင်းတွေက ပြတ်တောက်နေဆဲ.....

လဂျားယန်ဟာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလထဲမှာ နာမည်ကြီးလာခဲ့ပါတယ်။ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ KIA ၊ABSDF (မြောက်ပိုင်း) ပူး ပေါင်းတပ်တွေနဲ့ အစိုးရတပ်တွေအကြား မြေပြင်တိုက်ပွဲတွေ ဖြစ်ခဲ့တယ်။ အစိုးရတပ်ဘက်က ကျဆုံးတာတွေရှိခဲ့တယ်။ ဖမ်းဆီးခံခဲ့ရသူတွေလည်း ရှိခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၄ ရက်နေ့ တိုက်ပွဲဗီဒီယိုတွေဟာ အင်တာနက်ပေါ်ကို ရောက်လာခဲ့ပါတယ်။ ဒီအချိန်ကစလို့ လဂျားယန်ဟာ လူအများ အာရုံကျရာ ဒေသတစ်ခုဖြစ်လာခဲ့ပါတယ်။ လဂျားယန်ကို ထပ်ပြီး အာရုံကျစေခဲ့တဲ့ အကြောင်းရင်းက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ သတိပေး အကြောင်းကြားစာကြောင့် ဖြစ်ခဲ့ပါတယ်။ သတိပေးစာဟာ စစ် ရေးနည်းနဲ့ ရာဇသံပေး ခြိမ်းခြောက်လာတယ်လို့ KIO က ယူဆခဲ့ပါတယ်။ကန့်ကွက်ကြောင်း အကြောင်းကြားစာကို ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ပေးပို့ခဲ့ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းထံ ကို ပို့ခဲ့တာပါ။
ကချင်ပြည်နယ်ရဲ့ စစ်ပွဲအရှိန်က ဒီဇင်ဘာလ ၂၀ နောက်ပိုင်းမှာ ပိုပြီး ပြင်းထန်လာခဲ့ပါတယ်။ အထူးသဖြင့် လဂျားယန်ဒေသနဲ့ ပန်ဝါဒေသဘက်မှာ အစိုးရတပ်နဲ့ KIAတို့အကြား   မြေပြင်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်လာခဲ့တာပါ။ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့က စခဲ့တဲ့ ကချင်စစ်ပွဲဟာ ၂၀၁၂ ခုနှစ် နှစ်ကုန်ချိန်အထိ ရပ်စဲသွားတယ် မရှိခဲ့ပါဘူး။ လဂျားယန်ဒေသမှာ တပ်မတော်နဲ့ KIA တပ်တွေ မြေပြင်တိုက်ပွဲတွေ ရှိခဲ့သလို ပန်ဝါဘက်မှာတော့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းထားတဲ့ NDA-K (ဒီမိုကရေစီသစ် တပ်မတော်-ကချင်)နဲ့ KIA တို့အကြား မြေပြင်တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ တရုတ်-မြန်မာနယ်စပ် မိုင်တိုင် ၅ နဲ့ ၆ ၀န်းကျင်မှာ ဖြစ်ခဲ့ကြတာပါ။ အဲဒီနေရာမှာ လူနေထိုင်မှုမရှိပါဘူး။ တရားမ၀င် သတ္တုတွင်းအချို့တော့ ရှိနေပါတယ်။ NDA-K ရဲ့ ဥက္ကဋ္ဌက ဦးစခုန်တိမ့်ယိမ်း ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဖြစ်နေသူပါ။ ပန်ဝါဘက်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ နယ်ခြားစောင့်တပ်တွေရဲ့ အကူအညီတောင်းခံမှုကြောင့် တပ်မတော်ရဲ့ စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ်တွေက ပစ်ကူပေးခဲ့ရတယ်လို့ အမည်မဖော်လိုသူ စစ်ဘက်ဆိုင်ရာ အရာရှိအချို့က ပြောဆိုခဲ့ပါတယ်။ အခြားတစ်ဖက်မှာတော့ NDA-K ဆိုတာကလည်း ကချင်တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ နယ်ခြားစောင့်တပ်ဖြစ်လို့ KIA ရဲ့ တိုက်ခိုက်မှုကို အလျော့ပေးခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေရှိခဲ့ပါတယ်။
မြစ်ကြီးနား-လိုင်ဇာ-ဗန်းမော်လမ်းပိုင်း တစ်လျောက်။ တဘက်ယန်၊ မလန်းယန်၊ မလိယန်၊ ကန်တော်ယန်၊ နန်ဆန်ယန်၊ လဂျားယန် စတဲ့ ဒေသတွေမှာ ဖြစ်နေခဲ့တဲ့ မြေပြင်တိုက်ပွဲတွေဟာ ဒီဇင်ဘာလဆန်းပိုင်းကစပြီး တစ်စထက်တစ်စ ပြင်းထန်လာခဲ့တာပါ။ ဒီဇင်ဘာလ ၂၃ ရက်နေ့ နောက်ပိုင်းမှာတော့ အပြင်းထန်ဆုံး အခြေအနေကို ရောက်ရှိလာခဲ့ပါတယ်။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ နယ်မြေမှာသာမက အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ နယ်မြေအတွင်းမှာပါ တပ်မတော်နဲ့ KIA အကြား တိုက်ပွဲတွေ ဆက်တိုက် ဖြစ်လာခဲ့ပါတယ်။
KIO ရဲ့ လက်အောက်ခံ တပ်အဖွဲ့အစည်းဖြစ်တဲ့ KIA မှာ တပ်မဟာ ခြောက်ခုရှိပါတယ်။ ကချင်ပြည်နယ်တွင်း ပန်ဝါဒေသဘက်မှာ KIA ရဲ့ တပ်မဟာ(၁)ရှိနေပြီး ဖားကန့်၊ မြစ်ကြီးနား၊ တနိုင်း၊ မိုးကောင်း၊ မိုးညှင်းအစရှိတဲ့ ဒေသတွေမှာ တပ်မဟာ(၂) ရှိခဲ့ပါတယ်။ တပ်မဟာ (၃) က မိုင်ဂျာယန် ဒေသဘက်မှာ ရှိနေ ပြီးတော့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာမိုးညဲ၊ လွယ်ဂျယ်၊ ကွတ်ခိုင်အစရှိတဲ့ ဒေသတွေမှာ တပ်မဟာ(၄) ရှိနေပါတယ်။ ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာဒေသမှာ တပ်မဟာ(၅)ရှိနေပြီး မကြာသေးခင် ကမှ ယာယီဖွဲ့စည်းထားတဲ့ တပ်မဟာ (၆)က ပန်ဝါ-လိုင်ဇာ-လဂျားယန် စတဲ့ ဒေသတွေမှာ ရှိနေခဲ့ပါတယ်။

မြေပုံအရ လဂျားယန်ဒေသဟာ မြစ်ကြီးနားမြို့ရဲ့ အရှေ့တောင်ဘက်စွန်းမှာ ရှိနေပါတယ်။ မြစ်ကြီးနားမြို့ကနေ လဂျားယန်ကို သွားနိုင်ဖို့အတွက် မြစ်ကြီးနား-လိုင်ဇာလမ်းကို အသုံးပြုရပါလိမ့်မယ်။ တိုက်ပွဲ ဖြစ်နေချိန်မှာတော့ မြစ်ကြီးနား-လိုင်ဇာ-ဗန်းမော်လမ်းကို ဘယ်သူမှ အသုံးမပြုတော့.....

(၂)
ဒီဇင်ဘာလ ၂၅ ရက်နေ့။ ခရစ္စမတ်နေ့။ ခရစ်ယာန် ဘာသာဝင်တွေ အထွတ်အမြတ်ထားရာ နေ့ထူးတစ်ခု။ မြစ်ကြီးနားမြို့ကို ရောက်ရှိချိန်မှာ မီးစက်သံတွေက စောင့်ကြိုနေပါတယ်။ ဖုန်းလိုင်းဆက်သွယ်မှုတွေ ပြတ်တောက်နေပါတယ်။ ညဦးပိုင်းရောက်ချိန်မှာ မြစ်ကြီးနားမြို့တစ်ခုလုံး မှောင်အတိကျလျက်။ခရစ္စမတ်နေ့ရဲ့ ပျော်ပွဲရွှင်ပွဲတွေ၊ ဆုတောင်းပွဲတွေဟာ ည ၈ နာရီကျော်မှာ ပြီးဆုံးသွားခဲ့ပြီး ည ၉ နာရီ နောက်ပိုင်းမှာတော့ မြစ်ကြီးနားမြို့ပေါ်က လမ်းတွေမှာ လူသွားလူလာ သိပ်မ ရှိတော့ပါဘူး။
ဒီဇင်ဘာလ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မြစ်ကြီးနားမြို့နဲ့ ၀ိုင်းမော်မြို့ကို မီးပေးနေတဲ့ မလိရေအားလျှပ်စစ်စက်ရုံ ဓာတ်အားပေးလိုင်းတွေ ပြတ်ကျခဲ့ပါတယ်။ ဒီလိုပြတ်ကျခဲ့တဲ့အတွက် မြစ်ကြီးနားမြို့နဲ့ ၀ိုင်းမော်မြို့တို့ လျှပ်စစ်မီးရရှိမှု ပြတ်တောက်သွားခဲ့ပါတယ်။ ဘူးခါးကုမ္ပဏီက လုပ်ကိုင်နေတဲ့ မလိရေအား လျှပ်စစ် စက်ရုံကို KIO က ပိုင်ဆိုင်ထားပါတယ်။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က အသုံးပြုနေတဲ့ လျှပ်စစ်ဓာတ်အားကလည်း မလိရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံကရရှိတဲ့ လျှပ်စစ် ဓာတ်အားပဲ ဖြစ်ပါတယ်။
တိုက်ပွဲဖြစ်မှုကြောင့် ဓာတ်အားပေးလိုင်းတွေ ထိခဲ့ရတဲ့ အကြောင်းရင်းကို KIO ဘက်ကစပြီး သတင်းထုတ်ခဲ့ပါတယ်။ အစိုးရတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မလိရေအားလျှပ်စစ်စက်ရုံ ဓာတ်အားပေးလိုင်းတွေ ထိခဲ့ရတယ်လို့ ဆိုတာပါ။ စစ်ဘက်ဆိုင်ရာ အရာရှိ တချို့က KIO ရဲ့ ပြောဆိုမှုကို လက်မခံခဲ့ပေမဲ့ တရားဝင် အတည်ပြုပြောဆိုခဲ့သူ မရှိခဲ့ပါဘူး။ သူတို့အနေနဲ့ မလိရေအားလျှပ်စစ်စက်ရုံ ဓာတ်အားပေးလိုင်းတွေကို ထိခိုက်အောင်လုပ်စရာ အကြောင်းမရှိဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ မလိရေအားလျှပ်စစ် စက်ရုံက ထွက်တဲ့ ဓာတ်အားကို သုံးတဲ့အတွက် မြစ်ကြီးနားမြို့ခံတွေက KIO ထံကို တစ်လကျပ်သိန်း ၂၆၀၀ ဓာတ်အားခ ပေးသွင်းရတယ်ဆိုတဲ့ မှတ်ချက်ပြု ပြောဆိုတာတွေကို စစ်ဘက်ဆိုင်ရာ အရာရှိအချို့ထံက ကြားခဲ့ရပါတယ်။ ဓာတ်အားပေးစက်ရုံပျက်ရင် ပြင်ရမှာက KIO ရဲ့ တာဝန်ပဲမို့ ဖျက်ဆီးစရာ အကြောင်း မရှိဘူးလို့က ပြန်ပြောခဲ့တာ တွေလည်းရှိပါတယ်။ အမှန်တကယ်အားဖြင့်တော့ နှစ်ဖက်တိုက်ပွဲအကြားမှာ မလိရေအားလျှပ်စစ်စက်ရုံ ဓာတ်အားပေးလိုင်းတွေ ထိခိုက်ခဲ့တာပါ။
ဒီကြားထဲမှာပဲ ရာနှုန်းပြည့်နီးပါး ပြီးနေပြီဖြစ်တဲ့ ချီဗွေငယ် ရေအားလျှပ်စစ်ကတစ်ဆင့် မြစ်ကြီးနားမြို့ ကို လျှပ်စစ်မီးပေးမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ချီဗွေငယ် ဆိုတာ မြစ်ဆုံစီမံကိန်းလုပ်တဲ့အခါ အသုံးပြုဖို့ တရုတ်ကုမ္ပဏီ CPI က ကြိုတင်တည်ဆောက်ခဲ့တဲ့ ရေအားလျှပ်စစ် စက်ရုံဖြစ်ပါတယ်။ မြို့ခံ တချို့ကတော့ ချီဗွေငယ်ကို အကြောင်းပြုပြီး CPI တစ်ကျော့ဝင်လာမှာကို စိုးရိမ်ခဲ့ကြသူတွေ ရှိပါတယ်။
၂၀၁၂ ခုနှစ်ကုန်ဆုံးလို့ ၂၀၁၃ ခုနှစ်ထဲ ရောက်လာချိန်အထိ မြစ်ကြီးနားမြို့မှာ မှောင်အတိဖြစ်ဆဲ၊ မီးစက်သံတွေကြားဆဲ၊ ဖုန်းလိုင်းတွေက ပြတ်တောက်နေဆဲပဲ ဖြစ်ပါတယ်။ မြစ်ကြီးနားမြို့ခံတွေက ကချင်စစ်ပွဲသတင်းကို သိလိုဇောထက် မီးဘယ်တော့ရမလဲ၊ ဖုန်းလိုင်း ဘယ်တော့ကောင်းမလဲ ဆိုတာကိုပဲ သိချင်စိတ် ထက်သန်နေခဲ့ပါတယ်။
(၃)
ကချင်ဒေသမှာ စစ်ရှိန်မြင့်လာတဲ့နောက် မြစ်ကြီးနားကို သွားဖို့ ရွေးချယ်ခဲ့တာဟာ စစ်ဘက်ဆိုင်ရာ အရာရှိတွေနဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့ထံက ထင်မြင်ချက်တွေကို သိလိုတာကြောင့် ဖြစ်ပါတယ်။ KIO က တောင်းဆိုထားတဲ့ နိုင်ငံရေးအရ ဆက်လက်ဆွေးနွေးဖို့ကို ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က လက်ခံထားချိန်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာဟာ အဖြေရှာရမယ့် ကိစ္စဖြစ်လာပါတယ်။ တစ်ဖက်မှာတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရုံကလွဲပြီး ထိုးစစ်မပြုလုပ်ရလို့ ၂၀၁၁ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ တပ်မတော်ကို ညွှန်ကြားထားပါတယ်။ ဒီညွှန်ကြားချက်ကို လိုက်နာလျက်ရှိတယ်လို့ တပ်မတော်ဘက်က ပြောဆိုခဲ့တာ ရှိပါတယ်။ ကချင်ပြည်နယ်ကို စစ်ဘက်ရေးရာ တာဝန်ယူထားတဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင် ကိုယ်တိုင်က သူတို့အနေနဲ့ ခုခံကာကွယ်ရုံကလွဲပြီး ထိုးစစ်မပြုလုပ်ရဘူးဆိုတဲ့ သမ္မတညွှန်ကြားချက်ကို လိုက်နာလျက်ရှိတယ်လို့ ၂၀၁၂ခုနှစ် အောက်တိုဘာလကုန်ပိုင်း ရွှေလီမှာ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်း ရေး ဆွေးနွေးပွဲမှာ တရားဝင်ပြောခဲ့ပါတယ်။ KIO ဘက်ကတော့ တပ်မတော်က ထိုးစစ်ကို ဆက်တိုက် လုပ်ဆောင်နေတယ်လို့ နေ့စဉ် သတင်းထုတ်ပြန်ခဲ့ပါတယ်။ တပ်မတော်နဲ့ KIA အကြား ဖြစ်နေတဲ့ တိုက်ပွဲတွေဟာ ထိုးစစ်လား၊ခံစစ်လားဆိုတဲ့ ပုစ္ဆာထဲမှာ အဖြေမထွက်နိုင်ဖြစ်ခဲ့ရပါတယ်။ KIO ဘက်က ထိုးစစ်လို့ပြောခဲ့ပါတယ်။ ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့ စစ်ဘက်ဆိုင်ရာအရာရှိတွေထံက စစ်ရေးလျို့ဝှက်ချက် မဟုတ်တဲ့ မြေပြင် သတင်းအချက်အလက်တွေရဖို့ လိုအပ်လာပါပြီ။ သူတို့ဆီကနေ မြေပြင်သတင်းအချက်အလက် တစ်စုံတစ်ရာကို ထုတ်ပြန်လိမ့်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။ လက်တွေ့မှာတော့ ဒီမျှော်လင့်ချက်ဟာ အချည်းနှီး ဖြစ်ခဲ့ပါတယ်။
ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းအချိန်မှာ ကချင်ပြည်နယ် မြို့တော်ခန်းမကို သွားခဲ့ပါတယ်။ သာမန်ရုံးချိန်မှာ တွေ့ရဖို့ ခက်ခဲလှတဲ့ ပြည်နယ်ဝန်ကြီးတချို့နဲ့ တွေ့ခွင့်ရဖို့ သွားခဲ့တာပါ။ အဲဒီနေ့ မနက်ပိုင်းမှာ ကချင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် တရုတ်သံရုံးက ကချင်ပြည်နယ်အစိုးရကို အမေရိကန်ဒေါ်လာ နှစ်သောင်း လာလှူပါတယ်။လှူဒါန်းမှုကို အလှူငွေလက်ခံပွဲဆိုပြီး ပြည်နယ်မြို့တော်ခန်းမမှာ ခမ်းခမ်းနားနား လုပ်ခဲ့တာပါ။ ကချင်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ ကချင်ပြည်နယ်အစိုးရ လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာ၊ ကချင်ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင် အစရှိသူတို့ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားမစခင်မှာပဲ ဗိုလ်မှူးကြီးသန်းအောင်နဲ့ တွေ့ဖို့ ကြိုးစားခဲ့ပါတယ်။
ဗိုလ်မှူးကြီး သန်းအောင်ဆိုတာ ကချင်ပြည်နယ် အစိုးရနဲ့ KIO တို့အကြား စေ့စပ်ညှိနှိုင်းရေး ကိစ္စရပ်တွေမှာ အတွင်းကျကျ ပါဝင်ထားခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ပြည်နယ် တည်ငြိမ်အေးချမ်းမှု ညှိနှိုင်းရေးအဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။ ဗိုလ်မှူးကြီး သန်းအောင်ဆီကနေ 'ကျွန်တော်တို့ အလုပ်များနေတယ်၊' 'ဒီဒေသကတော့ အခြားဒေသတွေနဲ့ ပုံစံမတူဘူး' 'သတင်းတွေကတော့ ခင်ဗျားတို့လည်း သိထားပြီးသားပဲ'ဆိုတဲ့ စကားတွေပဲ ရခဲ့ပါတယ်။ မေးခွန်း မေးခွင့်မရခဲ့ပါဘူး။အလှူငွေလက်ခံပွဲအပြီး ကချင်ပြည်နယ် အစိုးရ၀န်ကြီးရုံးကို သွားခဲ့ပြီး အကြိမ်ကြိမ် တွေ့ခွင့်တောင်းခဲ့ပေမယ့် တွေ့ခွင့်မရခဲ့ပါဘူး။ထိုနည်းတူစွာပါပဲ။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တာဝန်ရှိသူတွေကို တွေ့ဆုံဖို့ ကြိုးစားခဲ့ပေမယ့် 'တိုင်းမှူးအလုပ် များနေတယ်' 'သတင်းပို့ထားပေးပါမယ်' ဆိုတဲ့ စကားတွေပဲ ပြန်ရခဲ့ပါတယ်။
ကျွန်တော်တို့လိုချင်နေတာ မြေပြင်သတင်း အချက်အလက်တွေပါ။ ကျွန်တော်တို့ သိချင်တာက သတင်းစာရှင်းလင်းပွဲရောက်မှ ထုတ်ပြမယ့် ဓာတ်ပုံတွေ၊ မြေပုံတွေ၊ အကြောင်းအရာတွေ မဟုတ်ပါဘူး။ အစိုးရ သတင်းစာကပြောတဲ့ အချက်အလက်တွေ မဟုတ်ပါဘူး။ စစ်ရေးလျို့ဝှက်ချက်မဟုတ်တဲ့ အချက်အလက်တွေကို ပါဝင်ပတ်သက်နေတဲ့ တာဝန်ရှိသူတွေဆီက တိုက်ရိုက်သိချင်ပါတယ်။ သတင်းဓာတ်ပုံတွေ လိုချင်တယ်။ KIO က ပြောနေတာတွေ မဟုတ်ဘူးဆိုရင် မဟုတ်တဲ့ အကြောင်းကို အချက်အလက်တိတိကျကျနဲ့ နာမည်တပ် ပြန်ဖြေရှင်းပေးနိုင်တဲ့သူကို လိုချင်ပါတယ်။ တိုက်ပွဲနဲ့ ဆက်စပ်လို့ ဖြစ်ပျက်နေတဲ့ သတင်းတွေအတွက် အတည်ပြုချက်ရှာတိုင်း ပြည်နယ် အစိုးရအဖွဲ့က စစ်ရုံးကိုလွှဲ၊ စစ်ရုံးက ပြည်နယ်အစိုးရကို ပြန်လွှဲ။ တာဝန်ခံဖြေမယ့်သူကမရှိ ဆိုတဲ့ အခြေအနေဖြစ်နေပါတယ်။ မြစ်ကြီးနားမှာ ဖြစ်နေတဲ့ အခြေအနေတွေက ဗလမင်းထင်တံတားနားမှာ ကင်မရာ ကိုင်ရုံနဲ့ သတင်းထောက်လို့ သက်သေ အထောက်အထားနဲ့ဆိုသည့် တိုင်ခွင့်ပြုချက်မရှိရင် အဖမ်းခံရမယ့်ကိန်းဆိုက်နေပါတယ်။ ခွင့်ပြုချက်တောင်းပြန်တော့လည်း 'သတင်းပို့ ထားပါတယ်' ဆိုတဲ့ စကားနဲ့တင်  လှည့်ပြန်ခဲ့ကြရပါတယ်။
မြေပုံအရ လဂျားယန်ဒေသဟာ မြစ်ကြီးနားမြို့ရဲ့ အရှေ့တောင်ဘက်စွန်းမှာ ရှိနေပါတယ်။ မြစ်ကြီးနားမြို့ကနေ လဂျားယန်ကို သွားနိုင်ဖို့အတွက် မြစ်ကြီးနား-လိုင်ဇာလမ်းကို အသုံးပြုရပါလိမ့်မယ်။ တိုက်ပွဲ ဖြစ်နေချိန်မှာတော့ မြစ်ကြီးနား-လိုင်ဇာ-ဗန်းမော်လမ်းကို ဘယ်သူမှ အသုံးမပြုတော့ပါဘူး။ ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားမယ်ဆိုရင် မြစ်ကြီးနားအထွက် ၀ိုင်းမော်မြို့ကို ကျော်ပြီးလို့ ရွှေညောင်ပင်ကို ရောက်ရင် ရှေ့ဆက်တက်လို့ မရတော့ပါ ဘူး။ ရွှေညောင်ပင်ကို ကျော်ပြီး ဆက်သွားနိုင်ဖို့ စစ်ဘက်ဆိုင်ရာရဲ့ ခွင့်ပြုချက်လိုလာပါပြီ။ စစ်ဘက်ဆိုင်ရာရဲ့ ခွင့်ပြုချက်ရဖို့ ဘယ်လိုမှ မဖြစ်နိုင်ခဲ့ပါဘူး။ တိုက်ပွဲသတင်းအခြေအနေမှန်၊ မြေပြင်အချက်အလက် ဒါတွေသိရဖို့ဆိုတာ လဂျားယန်နဲ့ အနီးဆုံးတစ်နေရာကို ရောက်မှ သိနိုင်မယ့် အခြေအနေ ဖြစ်လာခဲ့ပါတယ်။ တိုက်ပွဲသတင်း အခြေအနေတွေကို KIO ဘက်က နေ့စဉ် ထုတ်ပြန်နေပါတယ်။ မေးသမျှ မေးခွန်းတိုင်းကို ပြန်ဖြေပေးမယ့်သူ ရှိနေပါတယ်။ တပ်မတော်ဘက်ကတော့ အသေးစိတ်ဖြေကြားပေးမယ့်သူ မရှိဖြစ်နေပါတယ်။
ဒီဇင်ဘာလ ၂၇ ရက်နေ့။ မြစ်ကြီးနားကို ရောက်တာ သုံးရက်တိုင်ခဲ့ပါပြီ။ တိုက်ပွဲအခြေအနေတွေကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင်သိရတာ ဘာမှမရှိသေးပါဘူး။ သိရတဲ့ သတင်းတွေအရ တိုက်ပွဲအရှိန်က ဆက်မြင့်နေတုန်းပါပဲ။ လဂျားယန် ကို ရောက်ဖို့ဆိုရင် လိုင်ဇာဘက်က သွားမှ ဖြစ်နိုင်တော့မယ်ဆိုတာကို သိလာရပါတယ်။ မြစ်ကြီးနား-ကန် ပိုက်တီးလမ်း။ အဲဒီကတစ်ဆင့် တရုတ်နိုင်ငံကို ဖြတ်ပြီး လိုင်ဇာကိုသွား၊လိုင်ဇာကတစ်ဆင့် လဂျားယန်ကို ဆက်သွားဆိုတဲ့ လမ်းကြောင်းတစ်ခု ကို ရေးဆွဲလိုက်ပါတယ်။တပ်မတော်၊ NDA-K အသွင်ပြောင်း နယ်ခြားစောင့်တပ်(၁၀၀၃)၊ အခန့်မသင့်ရင် KIO တပ်တွေနဲ့တွေ့ပြီး ပြဿနာဖြစ်နိုင်တဲ့ မြစ်ကြီးနား-ကန်ပိုက်တီးလမ်းဟာ 'ဘာမှမဖြစ်ရင် ဘာမှမဖြစ်နိုင်ဘူး ဆိုတဲ့ အခြေအနေမျိုးပါ။ တရုတ် နိုင်ငံထဲက ဖြတ်သွားရမှာမို့ တရုတ်ရဲတွေရဲ့ အန္တရာယ်ကလည်း ရှိနေပါသေးတယ်၊အန္တရာယ်များတယ်ဆိုတဲ့ ပြောဆိုမှုတွေကြားကပဲ ၂၀၁၂ခုနှစ် ဒီဇင်ဘာလ ၂၈ရက်နေ့မှာ လိုင်ဇာကို သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။


ha-7-1-8
ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်သို့ရောက်ရှိသွားသော မီးသတ်ဦးစီးဌာနအား တွေ့ရှိရစဉ်
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနလက်အောက် မီးသတ်ဦးစီးဌာနအား ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်သို့ အလုံးစုံပြန်လည် ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း မီးသတ်ဦးစီဌာနရှိ တာဝန်ရှိသူထံမှ သတင်းရရှိသည်။
ယင်းမီးသတ်ဦးစီးဌာနမှာ နိုဝင်ဘာလ ၆ ရက်နေ့က အမိန့်အမှတ် ၃၈/၂၀၁၂ ဖြင့် လုပ်ငန်းပိုင်းဆိုင်ရာအား ပြောင်းရွှေ့ခဲ့ပြီး ဌာနဆိုင်ရာအလုံးစုံ ပြောင်းရွှေ့မှုကို ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းမတိုင်မီတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။             
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက "ကျွန်တော်တို့အနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ကို လုပ်ငန်းပိုင်းဆိုင်ရာ ပြောင်းရွှေ့မှုတွေကို အရင်ပြုလုပ်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဌာနဆိုင်ရာလုံး ပြောင်းရွှေ့ခဲ့ပါတယ်။ ကျွန်တော်တို့ဌာနပြောင်းရွှေ့မှုက  ပြည်ထောင်စုအစိုးအရ၏ အမိန့်နဲ့ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။              
ယခုပြည်ထဲရေးဝန်ကြီးဌာန လက်အောက်သို့ ပြန်လည်ပြောင်းရွှေ့သွားသော မီးသတ်ဦးစီးဌာနမှာ ၁၉၄၇ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ ပြည်ထဲရေးဌာနလက်အောက်တွင် ရှိခဲ့သော်လည်း ၁၉၉၂ ခုနှစ်တွင် လူမှုဝန်ထမ်းနှင့်ပြန်လည်နေရာချထားရေးဌာန ဖွဲ့စည်းခဲ့သဖြင့် အဆိုပါဌာနသို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။             
လက်ရှိ မြန်မာတစ်နိုင်ငံလုံး၌ မီးသတ်ဌာန၏ ဖွဲ့စည်းပုံအရ အင်အား ၇၀၀၀ ကျော်ရှိပြီး ၀န်ထမ်း ၄၀၀၀ ကျော်ရှိကြောင်းလည်း သိရသည်။

hea
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင် ညီလာခံတွင် ပြသထားသည့် ပြိုင်ပွဲဝင်ပိုစတာများအား ကြည့်ရှုနေစဉ်
ကျန်းမာရေးဆိုင်ရာ သုတေသန စာတမ်းများအနက် ၉၀ ရာခိုင်နှုန်းမှာ လက်တွေ့ပြန်လည် အသုံးချနိုင်ခြင်း မရှိသည်ကို တွေ့ရှိနေရကြောင်း ဇန်န၀ါရီလ ၇ ရက်နေ့က ရန်ကုန်မြို့၊ ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) ၌ ကျင်းပသည့် (၄၁) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် ကျန်းမာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က အဖွင့်မိန့်ခွန်း ပြောကြားရာတွင် '' မနှစ်က သုတေသန စာတမ်းတွေကို ပြန်လည်လေ့လာရာမှာ ၁၀ ရာခိုင်နှုန်းက လက်တွေ့ ပြန်လည် အသုံးချထားတာကို တွေ့ရပြီးတော့ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းသော စာတမ်းတွေက လက်တွေ့ပြန်လည် အသုံးချနိုင်ခြင်း မရှိတာကို တွေ့နေရပါတယ်။ အသုံးချဖြစ်တဲ့ ၁၀ ရာခိုင်နှုန်းကလည်း ဘာကြောင့် အသုံးချဖြစ်တယ် ဘယ်နေရာတွေမှာ အသုံးချဖြစ်တယ် ဆိုတာကို သိလိုပါတယ်။ အသုံးမချဖြစ်ပဲ သုတေသန အနေနဲ့သာ ပြီးသွားတဲ့ ၉၀ ရာခိုင်နှုန်းသော စာတမ်းများအား ဘာလို့ အသုံးမချဖြစ်ရတာလဲ ဆိုတာကို သိလိုပါတယ်'' ဟု မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
သုတေသီများ အနေဖြင့် သုတေသန လုပ်ငန်းများကို ဆောင်ရွက်ရာတွင် မည်သည့် သုတေသန အမျိုးအစားကိုမဆို လုပ်ငန်း ဆောင်ရွက်ပြီးနောက် အစီရင်ခံစာရေး၊ စာတမ်းဖတ်၊ စာစောင်ဂျာနယ်များတွင် စာတမ်းရေးပြီးလျင် ပြီးသွားသည့် သုတေသနမျိုး မဖြစ်စေပဲ သုတေသန လုပ်ငန်းများ၏ ရလဒ်များကို အမှန်တကယ် ပြည်သူလူထုနဲ့ နိုင်ငံအကျိုးအတွက် ပြန်လည်အသုံးချနိုင်သည့် သုတေသနမျိုး ဖြစ်သည်အထိ ရည်မှန်းပြီး ဆောင်ရွက်ကြရန် လိုအပ်ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။
ထို့အပြင် ပြည်သူလူထုရဲ့ ကျန်းမာရေး ပြဿနာတွေကို အဓိက ဖြေရှင်းတဲ့ သုတေသန လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ မြှင့်တင်ဆောင်ရွက်ဖို့ ကြိုးပမ်းဆောင်ရွက်ကြစေ လိုပါကြောင်း၊ ယခုအခါတွင် သုတေသန လုပ်ငန်းများ ပိုမိုလုပ်ဆောင်နိုင်ရန် အတွက် ဘတ်ဂျက်အား ယခင်ထက် ၁၀ ဆ တိုးမြှင့်ပေးထားကြောင်း၊ ယင်းသို့ ဘတ်ဂျက်တိုးမြှင့်ရခြင်းမှာ ဆေးရုံများ၊ တက္ကသိုလ်များတွင် ကိုယ်တိုင် သုတေသန လုပ်ငန်းများ အားနည်းလာသည့်အတွက် ပြန်လည်အားပေးရန် ဖြစ်ကြောင်း၊ ဆေးတက္ကသိုလ်များတွင် သုတေသန လုပ်ငန်းများ လုပ်ဆောင်ရမည် ဆိုသည့် မူဝါဒများ ရှိသော်လည်း မူဝါဒနောက်တွင် ငွေကြေး ထောက်ပံ့မှုများ အားနည်းနေသည့် အတွက် ဆေးသိပံ္ပပညာ ဦးစီးဌာနနှင့် ညှိနှိုင်းပြီး ဘတ်ဂျက်ကို တိုးမြှင့်ပေးထားခြင်း ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြား ခဲ့ပါသည်။
မြန်မာနိုင်ငံတွင် သုတေသန ညီလာခံများကို ၁၉၆၅ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ဆေးသိပ္ပံ ပညာရပ်ဆိုင်ရာ သုတေသန ဆွေးနွေးပွဲများအဖြစ် ကျင်းပခဲ့ရာ မှ ၁၉၈၈ ခုနှစ်မှစ၍ မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲအဖြစ် ပြောင်းလဲ ကျင်းပခဲ့ကြောင်း၊ ၂၀၀၀ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ သုတေသန စာတမ်းပေါင်း ၉၂၄ စောင် တင်ပြနိုင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်မှ စ၍ လိုရင်းတိုရှင်း ထိရောက်စွာ တင်ပြနိုင်သည့် ပိုစတာ ပြပွဲများကို စတင်ထည့်သွင်းခဲ့ကြောင်း၊ ၁၉၉၃ ခုနှစ်မှ စ၍ သုတေသန အမျိုးအစားအလိုက် အကောင်းဆုံး စာတမ်းနှင့် ပိုစတာဆုများကို ချီးမြှင့်ခဲ့ကြောင်းနှင့် လူငယ် သုတေသီဆုများအား ၂၀၁၀ ခုနှစ်မှစ၍ ချီးမြှင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယခုကျင်းပသည့် ညီလာခံတွင် သုတေသန စာတမ်းပေါင်း ၈၈ စောင် ၊သုတေသန ပိုစတာပေါင်း ၂၅ စောင် အပါအ၀င် ဆေးပညာ ဗဟုသုတများ နှီးနှောဖလှယ်နိုင်သည့် Symposium ၁၂ ခုများကို ထည့်သွင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။


ha-7-1-2
တာမွေမြို့နယ် မလွှကုန်းဘူတာ ယာဉ်ရပ်နားဝင်းတွင် ရပ်နားထားသော ဆီတွဲရထားတစ်စီးကို ဇန်န၀ါရီလ ၇ ရက်နေ့က တွေ့ရစဉ်
ရထားပို့ဆောင်ရေး ၀န်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် သက်တမ်းလွန် ဆီတွဲရထားများကို စစ်ဆေးမူများ ပြုလုပ်သွားမည်ဖြစ်ပြီး အသုံးပြုရန် မသင့်တော့ပါက ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား စက်မူနှင့်လျှပ်စစ်ဌာနမှ သိရသည်။              
"စစ်ဆေးမူတွေ လုပ်နေတုန်းပဲ ရှိပါသေးတယ်။ မသုံးသင့်တော့ဘူးဆိုရင် ဖျက်သိမ်းမှာပါ။ နောက်ပြီး ပြန်သုံးလို့ရသေးတယ်ဆိုရင်လည်း ပြန်ပြုပြင်ပြီး သုံးသွားမှာပါ။ အစိတ်အပိုင်းအားလုံးကို ဖျက်သိမ်းပစ်မှာတော့ မဟုတ်ပါဘူး" ဟု စက်မူနှင့်လျှပ်စစ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။   
မြန်မာ့မီးရထားဝန်ကြီးဌာနပိုင် ဆီတွဲရထားတွဲပေါင်း ၂၂၆ တွဲရှိပြီး ဆီတွဲရထားအချို့မှာ သက်တမ်း ၆၀ ကျော် ရှိပြီဖြစ်ကာ ရန်ကုန်-နေပြည်တော်၊ ရန်ကုန်-ရွှေညောင်၊ မန္တလေး-မြစ်ကြီးနား ခရီးစဉ်များသို့ အဓိကပြေးဆွဲပေးနေကြောင်း သိရသည်။
"ကျွန်တော်တို့အနေနဲ့ ဆီတွဲရထားတွဲတွေကို မြန်မာ့ရေနံလုပ်ငန်းအတွက် ပြေးဆွဲပေးဖြစ်တာ များပါတယ်" ဟု မြန်မာ့မီးရထား စီးပွားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
ဆီတွဲရထားများ၏ သက်တမ်းကို ထုတ်လုပ်သည့် ကုမ္ပဏီအနေဖြင့် နှစ် ၃၀ သာ သတ်မှတ်ထားသော်လည်း မြန်မာ့မီးရထားအနေဖြင့် သက်တမ်းကျော်သည်အထိ ပြန်လည်ပြုပြင် အသုံးပြုလျက်ရှိပြီး ဆီတွဲရထားတွဲများ အစားထိုးပြုပြင်မှုလုပ်ငန်းကို မြစ်ငယ်ရထား ပြင်ဆင်တည်ဆောက်သည့် စက်ရုံမှ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့မီးရထားအနေဖြင့် သက်တမ်းလွန်ဆီတွဲရထား ဖျက်သိမ်းမှုကို လာမည့်  ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် အပြီးသတ်လုပ်ဆောင်နိုင်ရန် ခန့်မှန်းထားကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့က ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် ချပ်ကြီးဘူတာရုံအနီးတွင် မန္တလေးမြို့မှ မြစ်ကြီးနားသို့ ထွက်ခွာလာသည့် အမှတ် (၈၀၇) ဆီအထူးရထား တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး မီးလောင်ပေါက်ကွဲမှုကြောင့် လူသေဆုံးမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

Auschwitz-Birkenau Nazi Death Camp near Oswiecim, southern Poland.

မီဒီယာ

အသံ
TEXT SIZE
ဗွီအိုအေ (မြန်မာပိုင်း)
ဒုတိယကမ္ဘာစစ်အတွင်း သေမင်းတမန် အကျဉ်းထောင်အဖြစ် ကျော်ကြားတဲ့ ပိုလန်နိုင်ငံက Auschwitz-Birkenau ကို ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသည်လာရောက်မှုဟာ အမြင့်ဆုံးအဆင့် ကို ရောက်ရှိခဲ့ကြောင်း အကျဉ်းထောင်အရာရှိတွေက ပြောလိုက်ပါတယ်။ ပိုလန်တောင်ပိုင်း မှာ ရှိတဲ့ လူမျိုးတုန်း သတ်ဖြတ်ခဲ့တဲ့ Auschwitz-Birkenau အကျဉ်းထောင် ကို မနှစ်တုန်း က လူပေါင်း တသန်းခွဲ လောက် အလည် လာရောက်ခဲ့ကြောင်း သောကြာနေ့က ပြတိုက်ရဲ့ အင်တာနက် ဝဘ်ဆိုတ်မှာ ဖော်ပြထားပါတယ်။ ဧည့်သည်တွေဟာ ပိုလန်၊ ဂရိတ် ဗြိတိန်၊ အမေရိကန်၊ အီတလီ၊ ပြင်သစ်၊ အစ္စရေး၊ စပိန်၊ ချက်ပြည်သူ့သမ္မတနိုင်ငံနဲ့ တောင်ကိုရီးယား စတဲ့ ကမ္ဘာအနှံ့က လာရောက်ခဲ့ကြတာ ဖြစ်ကြပါတယ်။

Auschwitz-Birkenau အကျဉ်းထောင်ဟာ ဥရောပတခုလုံးအတွက် ပြန်လည် အောက်မေ့ဖွယ်ရာ အဓိက နေရာတခု ဖြစ်လာ နေကြောင်းနဲ့ လူမှုအသိုက်အမြုံကြီးတခုလုံး အခုချိန်ထိ ရင်ဆိုင် ခံစားနေရဆဲဖြစ်တဲ့ စိန်ခေါ်မှုတွေကို  မီးမောင်း ထိုးပြနေတယ်လို့ ညွှန်ကြားရေးမှူး (Piotr Cywinski) က ပြောပါတယ်။

Auschwitz-Birkenau အကျဉ်းထောင်အတွင်းမှာ ဂျူးလူမျိုး အများစုပါဝင်တဲ့ လူပေါင်း ၁ သန်းကျော်ဟာ ၁၉၄၅ ခု၊ ဇန်နဝါရီလ အတွင်း ဆိုဗီယက် တပ်ဖွဲ့ဝင်တွေက လာရောက် ကယ်တင်ချိန်မတိုင်ခင်အထိ  နာဇီဂျာမနီစစ်သားတွေရဲ့ သတ်ဖြတ်မှုကို ခံခဲ့ကြရတာဖြစ်ပါတယ်။ အဲဒီ အကျဉ်းထောင် ပြတိုက် အတွင်းမှာ စာအုပ်တွေ၊ ရှူးဖိနပ်တွေ၊ ဆံပင်ရှင်းတဲ့ ဘရပ်ရှ်တွေလိုမျိုး စခန်းထဲမှာ နေထိုင်သွား ကြပြီး ဓာတ်ငွေ့ပေးအသတ်ခံခဲ့ရသူတွေ ပိုင်ဆိုင် သုံးစွဲခဲ့ကြတဲ့ ပစ္စည်းတွေကို ပြသထားပါတယ်။  

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်။

မီဒီယာ

အသံ
TEXT SIZE
မဆုမွန်
မြန်မာနိုင်ငံကို ရောက်နေစဉ်အတွင်း နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အမည်နာမကို အားလုံးက လက်ခံနိုင်အောင် အဓိပ္ပာယ်ဖွင့်ဆိုဖို့ ကြိုးစားသွားမှာဖြစ်သလို မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံတဲ့အခါ ဆွေးနွေးသွားမယ်လို့ နိုင်ငံရေး အကျဉ်းသားများ စောင့်ရှောက်ရေးအဖွဲ့ AAPP က ပြောပါတယ်။ အစိုးရက သူတို့ကို အမည်မည်းစာရင်းကနေ ပယ်ဖျက်ပေးလိုက်တဲ့အတွက် ထိုင်းအခြေစိုက် AAPP ရဲ့ အတွင်းရေးမှူးနဲ့ တွဲဘက်အတွင်းရေးမှူးတို့ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် တရားဝင် သွားရောက်ခွင့် ရစဉ်အတွင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဒီအကြောင်း အသေးစိတ်ကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

အစိုးရကနေ အမည်မည်းစာရင်း ပယ်ဖျက်ပေးလိုက်တဲ့အတွက် ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ မြန်မာနိုင်ငံရဲ့ အတွင်းရေးမှူးနဲ့ တွဲဘက်အတွင်းရေးမှူး တို့ မြန်မာနိုင်ငံ ရန်ကုန်မြို့ကို အခုဆိုရင် ပထမဆုံးအကြိမ် ဇန်နဝါရီလ ၅ ရက်နေ့က တရားဝင် ပြန်လည် ရောက်လာနေပြီ ဖြစ်ပါတယ်။ ပထမဆုံးအကြိမ် မြန်မာပြည် ခရီးစဉ်အတွင်း သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခွင့်ရတဲ့အခါမှာ အကျဉ်းထောင်အသီးသီးမှာ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုမှာဖြစ် သလို ပြန်လွှတ်ဖို့မှာ အခက်အခဲတွေ ရှိနေရင်လည်း ပူးပေါင်း ဖြေရှင်းသွားဖို့ အဆင်သင့်ပါပဲလို့ AAPP တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“ကျနော်တို့ ဒီ အစိုးရဘက်ပိုင်းကိုလည်း ကျနော်တို့က မေးခွန်းထုတ်ချင်တာပေါ့။ ဒီ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ သူတို့မှာ ဘာတွေများ အခက်အခဲ ဖြစ်နေသလဲပေါ့။ တကယ်လို့ အခက်အခဲတွေ ရှိတယ် ဆိုရင်လည်း ကျနော်တို့ အဲဒီအခက်အခဲတွေကို ဘယ်လို ပူပေါင်း ဖြေရှင်းလို့ ရမလဲ။ ကျနော်တို့ အဓိက လိုချင်တာကတော့ နိုင်ငံရေး အကျဉ်းသားတွေကို ချွင်းချက်မရှိ လွှတ်ပေးဖို့ လိုတယ်။ နောက်ပြီးလို့ရှိရင် ဆက်ပြီးတော့လည်း မတရားသဖြင့် ဖမ်းဆီးတာတွေ မလုပ်ဖို့။ အဲဒါကိုတော့ ကျနော်တို့ ထိပ်ဆုံး ဆွေးနွေးသွားမှာပါ။”

နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံ မှာ နိုင်ငံရေးအကျဉ်းသား ဆိုတဲ့ အမည်နာမကို အားလုံးက သဘောတူလက်ခံနိုင်တဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် ဖော်ဆောင်နိုင်အောင် ကြိုးပမ်းမှုတွေ လုပ်ဆောင်ဖို့ ရှိသလိုပဲ နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ လူနေမှုဘဝ ထူထောင်ရေး အခက်အခဲတွေကို ဝိုင်းဝန်းကူညီ ဖြေရှင်းပေးဖို့ ပြည်တွင်းက နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆွေးနွေးကြမှာဖြစ်တယ်လို့လည်း အေအေပီပီ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ဆိုပါတယ်။

“နံပါတ် (၁) ကတော့ နိုင်ငံရေးအကျဉ်းသား ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ပေါ့။ အဲဒီ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို အားလုံး လက်ခံနိုင်တဲ့၊ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ် ဖွင့်ဆိုချက်မျိုး ဖြစ်လာအောင်တော့ ကျနော်တို့ တိုက်တွန်း ဆွေးနွေးမှာတွေတော့ ရှိပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေက ဘယ်လို အခက်အခဲမျိုးတွေ ရှိနေလဲ။ အဲဒါကို ဘယ်လို ကူညီဖြေရှင်း ပေးလို့ရမလဲ ဆိုတာကို ၀ိုင်းဝန်း ဆွေးနွေးကြမှာပါ။ ဆွေးနွေးပြီးတဲ့အခါကျတော့မှ အကုန်လုံးကို ပူးပေါင်း လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေ ထွက်လာမှာပါ။ အဲဒီအချိန်မှပဲ ကျနော်တို့ ပြောလို့ရပါမယ်။”

အခုလို လာရောက်ခွင့်ရတဲ့ ပထမဆုံးအကြိမ် ပြည်တွင်းခရီးစဉ်မှာ AAPP အဖွဲ့ တာဝန်ရှိသူတွေ အနေနဲ့ သူတို့ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်းမှာပဲ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေ၊ နိုင်ငံရေး အကျဉ်းဟောင်းတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ကိုဘိုကြည်က ပြောပါတယ်။

“ကျနော်တို့နဲ့ ကွဲကွာနေကြရတဲ့ ကျနော်တို့ရဲ့ ခေါင်းဆောင်တွေ၊ ရဲဘော် သူငယ်ချင်းတွေနဲ့ ကျနော်တို့  အတွေ့အကြုံချင်း ဖလှယ်မယ်။ ကျနော်တို့ ရှေ့ဆက်ပြီးတော့ ဘယ်လို ပူးပေါင်း လုပ်ဆောင်လို့ ရမလဲ ဆိုတဲ့ ကိစ္စတွေကို ဆွေးနွေးမယ်။ အဲဒီလိုပဲ တခြား နိုင်ငံရေး ပါတီတွေနဲ့ ကျနော်တို့ တွေ့ဆုံပြီးတော့ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ် ဖွင့်ဆိုချက်တခု ထွက်လာဖို့ကို ကျနော်တို့ ကြိုးစားမယ်ပေါ့။ အဲဒီလိုပဲ ဒီ နိုင်ငံရေးအကျဉ်းသားတွေ ပြုစုပြိုးထောင်ရေး အတွက် ဘယ်လို ပူးပေါင်း လုပ်ဆောင်ကြမလဲ၊ ဘယ်လိုလုပ်ရင် အကောင်းဆုံး ဖြစ်မလဲ ဆိုတာတွေကို ကျနော်တို့ ဆွေးနွေးမယ်။”

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ အနေနဲ့ မြန်မာပြည် ခရီးစဉ် အတွင်း အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ကတော့ စီစဉ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
“ကျနော်တို့ ခုချိန်ထိတော့ ရက် အတိအကျတော့ မသိသေးပါဘူး။ တကယ်လို့ ရက် အတိအကျသိမှပဲ ကျနော်တို့ ပြောလို့ရမယ်။ နောက် ဘယ်သူနဲ့ တွေ့မယ်ဆိုတာလည်း ကျနော်တို့ သေသေချာချာ မသိရသေးဘူး။”

ဆယ်စုနှစ်အတွင်း ပြန်ရောက်လာခွင့်ရှိတဲ့ အခါမှာတော့ မြန်မာနိုင်ငံရဲ့ အခြေအနေ အနေအထားဟာ ပြောင်းလဲမှု ရှိနေတယ်လို့ ဆိုလို့ရပေမဲ့ အခုလို တရားဝင် ပြန်လည် ရောက်လာခွင့် ရှိတဲ့အပေါ် သူ့အနေနဲ့တော့ ဝမ်းသာ၊ ဝမ်းနည်းခံစားရပါတယ်လို့ ကိုဘိုကြည်က ပြောပါတယ်။
“၀မ်းသာ ၀မ်းနည်း ဖြစ်ပါတယ်။ ၀မ်းသာတယ်ဆိုတာက ကိုယ့်ရဲ့ မိဘနဲ့ ပြန်တွေ့ရမယ်။ ဆွေမျိုး သားချင်းတွေနဲ့ တွေ့ရတယ်။ နှစ်ပေါင်းများစွာ ခွဲခွာနေရတဲ့ သူငယ်ချင်းများနဲ့ တွေ့ရတယ်ပေါ့။ ဒါကတော့ အင်မတန် ၀မ်းသာစရာ ကောင်းတဲ့ဟာပါ။ ဒါပေမဲ့ ၀မ်းနည်းစရာ ကောင်းတဲ့ဟာကလည်း ဒီ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးတယ်။ နောက်ကချင်ပြည်နယ်ဘက်မှာ အဖမ်းအဆီး ခံထားရတာတွေ ရှိတယ်။ ပြည်တွင်းစစ်တွေ ရှိတယ်။ ဒါတွေက ၀မ်းနည်းစရာတွေပါ။ အရင်ထက်စာရင်တော့ ရန်ကုန်မြို့မှာတော့ တစုံတရာ ပိုပြီးတော့ ပွင့်လင်းလာတာမျိုးတွေ တွေ့ တယ်။ နောက် လူတွေကတော့ နည်းနည်း အကြောက်တရား ပိုပြီးတော့ နည်းပါးလာတာပေါ့လေ။ အဲဒါမျိုးတော့ တွေ့ပါတယ်။ ကချင်ပြည်နယ်မှာတော့ ပြည်တွင်းစစ် ဖြစ်နေတာမျိုးကို ကျနော်တို့ ကြားသိရတယ်။ ဆိုတော့ အဲဒီဘက်တွေကိုတော့ ကျနော်တို့ သွားနိုင်မသွားနိုင်တော့ ကျနော်တို့ အသေအချာ မသိပေးပါဘူး။ ဒါပေမဲ့ အခြေအနေပေးတယ်၊ သွားနိုင်တယ်ဆိုရင်တော့ ကျနော်တို့ အဲဒီဘက်တွေကိုလည်း သွားမှာပါ။”

သူတို့ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ နိုင်ငံရေးအကျဉ်းသားတွေအတွက် အကျိုးဖြစ်ထွန်းမှုတွေ လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ဟာ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် အဖမ်းခံရတဲ့ (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့မှာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ စုစည်းပြီး နိုင်ငံရေးအကျဉ်းသားတွေကို ကူညီပေးဖို့ ထိုင်းမြန်မာနယ်စပ်မှာ ဖွဲ့စည်း တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။  

ဒုတိယကမ္ဘာစစ်ပြီးကာလ ရန်ကုန်မြို့မှာ ဆိုက်ကပ်ထားတဲ့ Spitfire လေယာဉ်တချို့ကို ၀ိုင်းဝန်း ကြည့်နေကြပုံ။ (ဧပြီလ ၃ ရက်၊ ၁၉၄၆)။

မီဒီယာ

အသံ
TEXT SIZE
မမိုးဖြူ
ဗြိတိန် လေတပ်မတော်ရဲ့ စစ်ဆင်ရေးတွေမှာ အင်မတန် လူသိများထင်ရှားတဲ့ Spitfire လေယာဉ် တချို့ကို မြန်မာနိုင်ငံထဲမှာ  မြှုပ်နှံ သိမ်းဆည်းထားခဲ့တာကို ရှာဖွေတူးဖော်မယ့် ကျွမ်းကျင်သူအဖွဲ့ တနင်္ဂနွေနေ့က မြန်မာနိုင်ငံကို ရောက်ရှိလာကြပါတယ်။ နှစ်ပေါင်း ၆၀ ကျော်ကြာခဲ့ပြီ ဖြစ်တဲ့ ကမ္ဘာစစ်အတွင်း အသုံးပြုခဲ့တဲ့ ဒီတိုက်လေယာဉ်တွေကို ဘယ်သူတွေက၊ ဘာအတွက် မြန်မာနိုင်ငံ ထဲမှာ မြှုပ်နှံ ဖွက်ထားခဲ့ပြီး အခုဘာကြောင့် ပြန်တူးဖော်ကြမယ် ဆိုတာကို မမိုးဖြူက တင်ပြထားပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်က ဒုတိယကမ္ဘာစစ်တွင်းမှာ ဗြိတိန် လေတပ်မတော်က အားထားရတဲ့ Spitfire တိုက်လေယာဉ် တော်တော်များများကို ဒုတိယကမ္ဘာစစ် ပြီးခါနီးမှာ မြန်မာ့မြေပြင်အောက် လုံလုံခြုံခြုံ သိမ်းဖွက်သွားခဲ့ကြတာပါ။ အခုအချိန်မှာ သမိုင်းတန်ဖိုး ကြီးမားလှတဲ့ ဒီ စစ်သုံးလေယာဉ်တွေကို မြန်မာအစိုးရရဲ့ခွင့်ပြုချက်နဲ့ ပြန်ပြီး တူးဖော်ဖို့အတွက် ကျွမ်းကျင်သူအဖွဲ့တွေ မြန်မာနိုင်ငံကို ရောက်လာကြတာပါ။ အဖွဲ့ကို ဦးဆောင်တဲ့ David Cundall က ဒီ တိုက်လေယာဉ်ပျံတွေ ပြန်ပြီး ဖော်ထုတ်ဖို့ သူ ဘယ်လောက် ကြိုးစားခဲ့ရတယ် ဆိုတာကို အခုလို ပြောပြပါတယ်။

“မြန်မာနိုင်ငံမှာ မြှုပ်ထားခဲ့တဲ့ ဒီတိုက်လေယာဉ်တွေကို ၁၇ နှစ်ကြာအောင် ကျနော်တို့ လိုက်ရှာခဲ့ရတာပါ။ ဒီ လေယာဉ်တွေ ဘယ်မှာရှိတယ် ဆိုတဲ့နေရာကို ကျနော်တို့ တော်တော်လေး သေသေချာချာ သိနေပါပြီ။ ဒါကြောင့်လဲ ကွင်းဆင်း ဆောင်ရွက်မယ့် ကျွမ်းကျင်သူတွေ၊ မှတ်တမ်းတင် ရုပ်ရှင် ရိုက်ကူးမယ့်အဖွဲ့တွေနဲ့ ရှေးဟောင်း သုတေသန ပညာရှင်တွေ အားလုံး ၂၁ ယောက် ပါဝင်တဲ့အဖွဲ့ကို ဦးဆောင်ပြီး ကျနော် လာခဲ့တာပါ။ သုတေသန ပညာရှင်တွေက ၁၀ ရက်လောက် အချိန်ယူပြီး သုတေသန နဲ့ တိုင်းထွာရေးတွေ လုပ်ပြီးရင်တော့ ကျနော်တို့ စပြီး တူးဖော်ပါမယ်။ သီတင်း ၄ ပတ်ကနေ ၆ ပတ်အတွင်း လုပ်ငန်းအပြီးသတ်မယ်လို့လည်း ယူဆပါတယ်။”

ဒုတိယကမ္ဘာစစ်မီး ၁၉၄၅ ခုနှစ်မှာ အဆုံးသတ်သွားတဲ့အခါ ဗြိတိန်လေတပ်ရဲ့ ဒါဇင်နဲ့ချီတဲ့ Spitfire တိုက်လေယာဉ်တွေကို ရန်ကုန် မင်္ဂလာဒုံ လေဆိပ်နားမှာ စနစ်တကျ မြှုပ်နှံထားခဲ့ပါတယ်။ ဒီလေယာဉ်ပျံတွေကို ပြန်ပြီးတော့ တူးဖော် တွေ့ရှိလိမ့်မယ်လို့လည်း ဗြိတိန် ကျွမ်းကျင်သူ အဖွဲ့က မျှော်လင့်နေကြတာပါ။

Spitfire တိုက်လေယာဉ် အမျိုးအစား ဟာ အခုချိန်ထိ ထင်ရှား ကျော်ကြားလှတဲ့ လေယာဉ်ဖြစ်ပြီး ဒီနေ့ခေတ်မှာတော့ ပျံသန်းနိုင်တဲ့ အခြေအနေ ရှိတဲ့ Spitfire တိုက်လေယာဉ်တွေ မရှိသလောက် နည်းပါးသွားခဲ့ပါပြီ။ လယ်ယာလုပ်ငန်းနဲ့ စီးပွားရေး လုပ်ငန်းရှင် David Cundall ဦးဆောင်တဲ့ ရှာဖွေရေး အဖွဲ့ကတော့ ဒီ တိုက်လေယာဉ်တွေကို ပြန်ရှာတွေ့ရင် သေသေချာချာ ထိန်းသိမ်းထားမယ်လို့ မျှော်လင့်ပြင်ဆင် ထားကြပါတယ်။

ရှေးဟောင်း သုတေသန ပညာရှင်တွေရဲ့ ၁၀ ရက်ကြာ ကွင်းဆင်း သုတေသန စစ်ဆေးမှုတွေ ပြီးရင် အဖွဲ့ဝင် ၂၁ ယောက်ပါတဲ့ အဖွဲ့က သူတို့ရဲ့ တူးဖော်ရေး လုပ်ငန်းတွေကို စကြတော့မှာ ဖြစ်ပါတယ်။ ဒီ လေယာဉ်ပျံတွေကို သစ်သားသေတ္တာတွေထဲမှာ ထည့်ပြီးတော့ မြေအောက် ပေ ၃၀ အနက်မှာ မြှုပ်နှံ သိမ်းဆည်းထားတာ ဖြစ်ပြီး ရက်သတ္တပတ် ၆ ပတ် အတွင်း ရှာဖွေရေး လုပ်ငန်းတွေ အပြီးသတ်ဖို့ မျှော်လင့်ထားတယ်လို့ အဖွဲ့ရဲ့ ခေါင်းဆောင်က ပြောပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ လုပ်ငန်းက လေယာဉ်တူးဖို့ သက်သက်တော့ မဟုတ်ပါဘူးလို့ သုတေသန ပညာရှင် Andy Brockman က ပြောပါတယ်။

“ကျနော်တို့ ခုမှ လုပ်ငန်း စရမှာပါ။ Tutankamen ရဲ့ အုပ်ဂူ လို ရှေးဟောင်း အမွေအနှစ်တွေကို တူးဖော်ရတဲ့အလုပ်ဟာ အချိန်ယူရပါတယ်။ ကျနော်တို့ ယူဆထားတဲ့ နေရာမှာ တိုက်လေယာဉ်တွေကို တွေ့ပြီ ဆိုရင်တော့ ဒါဟာ အင်မတန် စိတ်ဝင်စားစရာ ကောင်းတဲ့ ဇာတ်လမ်းတပုဒ် ဖြစ်လာမှာပါ။ ဒုတိယ ကမ္ဘာစစ်ကြီးက အမေရိကန်၊ ဗြိတိန်၊ တရုတ်နဲ့ မြန်မာနိုင်ငံသားတွေကို ဘယ်လို တွေ့ဆုံ စေခဲ့သလဲ ဆိုတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းကို ရှာဖွေပြီး ပြန် ပြောပြဖို့ အခုလို ကျနော်တို့ ရန်ကုန် လေဆိပ်ကို လာခဲ့တာပါ။ Spitfire လေယာဉ်တွေ ရှာဖို့သက်သက်တော့ မဟုတ်ပါဘူး။”

ဒီ တိုက်လေယာဉ်တွေကို ရှာဖွေ တူးဖော်တဲ့အခါ ပုံစံမပျက် တွေ့ရဖို့ မျှော်လင့်ထားကြပေမဲ့ သံချေးတွေ တက်ပြီး ပျက်စီး ယိုယွင်းနေတဲ့ သံထည် အပိုင်းအစတွေ အဖြစ်နဲ့လည်း တွေ့ရနိုင်တာပဲ လို့ သုတေသန ပညာရှင် Brockman က ပြောပါတယ်။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးခါနီးမှာ အမေရိကန် စစ်အင်ဂျင်နီယာတွေက ဒီ တိုက်လေယာဉ်ပျံတွေကို တွင်းတူး မြှုပ်နှံခဲ့ကြတယ်လို့ သူတို့က ယူဆပါတယ်။

အခု စွန့်စား ရှာဖွေမှုကို ပံ့ပိုးပေးသူ ကတော့ World of Warplane ‘စစ်လေယာဉ်တွေရဲ့ကမ္ဘာ’ လို့ အမည်ရတဲ့ ကစားနည်းနဲ့ World of Tank ‘သံချပ်ကာကား ကမ္ဘာ’ လို့ အမည်တပ်ထားတဲ့ ဗွီဒီယို ဂိမ်း တွေနဲ့ နံမည်ကြီးခဲ့တဲ့ ဘဲလားရု ဗွီဒီယိုဂိမ်း ကုမ္ပဏီ wargaming.net ဖြစ်ပါတယ်။ ဒီကုမ္ပဏီရဲ့ အထူး စီမံကိန်း ညွှန်ကြားရေးမှူး Tracy Spaight ကတော့ Spitfire လေယာဉ် ရှာဖွေ တူးဖော်ရေး လုပ်ငန်းအတွက် ဒေါ်လာ ၅ သိန်း ထောက်ပံ့မှာ ဖြစ်ပြီးတော့ လိုအပ်ရင် နောက်ထပ် ဒေါ်လာ ၅ သိန်းနဲ့ ဒီထက်ပိုတဲ့ ငွေကြေးတွေကိုလည်း ကူညီထောက်ပံ့မယ်လို့ ဆိုပါတယ်။

ရန်ကုန် မင်္ဂလာဒုံ လေဆိပ်နားမှာ Spitfire တိုက်လေယာဉ် ၃၆ စင်း၊ ကချင်ပြည်နယ် မြစ်ကြီးနားမှာ ၁၈ စင်းနဲ့ မိတ္ထီလာမှာ ၆ စင်း မြေကြီးအောက် မြှုပ်ထားတယ်လို့ ရှာဖွေရေးအဖွဲ့က ယူဆပါတယ်။

လေထဲမှာ မိုင် ၃၆၀ လောက်အရှိန်နဲ့ ပျံသန်းနိုင်တဲ့ ဒီ Spitfire တိုက်လေယာဉ်တွေဟာ ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျာမန်ဗုံးကျဲ လေယာဉ်ပျံတွေကို အသာစီးရခဲ့တဲ့ ဗြိတိန် လေတပ်မတော်ရဲ့ အမြန်ဆုံး မောင်းနိုင်တဲ့ တိုက်လေယာဉ်တွေအဖြစ် အင်မတန်မှ ထင်ရှား ကျော်ကြားခဲ့တာပါ။ ဒုတိယ ကမ္ဘာစစ်ကြီး အပြီးမှာတော့ ပဲ့ထိန်းတပ် အမျိုးအစား ဂျက်တိုက်လေယာဉ်တွေ ခေတ်မှိန်လာခဲ့ ပါတယ်။ ဒါပေမဲ့လည်း ဗြိတိန် လေတပ်ကတော့ လေလိုမြန်တယ်လို့ နံမည်ကြီးတဲ့ ဒီ Spitfire တိုက်လေယာဉ်ပေါင်း အစီး ၂ သောင်းလောက် တည်ဆောက် ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။  


ha-6-1-4
ဆင်များအား လိမ္မာယဉ်ကျေးအောင် လေ့ကျင့်သင်ကြားနေစဉ်
ဖိုးကျားဆင်စခန်းမှ ဆင်များအား လိမ္မာယဉ်ကျေးအောင် လေ့ကျင့်သင်ကြားပေးကာ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များအား ဆွဲဆောင်မှုပြုလုပ်ကာ ၀န်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။   
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် အနောက်ဘက် ၁၀ မိုင်ခန့် ရန်ကုန်-မန္တလေးပြည်ထောင်စု အမြန်လမ်းမကြီးမှ အနောက်ဖက် လေးမိုင်ခန့်အကွာ အလယ်ရိုးမ တောင်ခြေရှိ ဖိုးကျားဆင်စခန်းမှ ဆင်များအား လိမ္မာယဉ်ကျေးအောင် လေ့ကျင့်သင်ကြားပေးထားသော ဆင်သရုပ်ပြ ကကွက်များ သဘာဝ ပတ်ဝန်းကျင်အလှ အေးချမ်းတည်ငြိမ်မှုများဖြင့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များအား ဆွဲဆောင်ကာ ၀န်ဆောင်မှုပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ဖိုးကျားဆင်စခန်းတွင် အပန်းဖြေလာရောက်သူများ အနားယူရန် သစ်လုံးဘန်ဂလိုများ ဆောက်ထားပြီး လူသားများနှင့် အနီးစပ်ဆုံး ယဉ်ကျေးလိမ္မာအောင် လေ့ကျင့်သင်ကြားပေးထားသော ဆင်ကိုးကောင်၏ ပြကွက်ဖျော်ဖြေမှုများအပြင် သက်တမ်း ၁၀၀ ကျော်ရှိ ကျွန်းပင်များ၊ သဘာဝတောတောင် ကျေးငှက်သာရကာတို့၏ ရှုခင်းအလှများနှင့် အေးချမ်းသာယာသော သဘာဝပတ်ဝန်းကျင် နေရာတစ်ခုဖြစ်ကြောင်း သိရှိရသည်။
"ကျွန်တော်တို့ ဖိုးကျားဆင် စခန်းက စိတ်ငြိမ်းချမ်းတည်ငြိမ်မှုရတဲ့အပြင် ဆင်အကြောင်းနဲ့ပတ်သက်လို့ ဆင်တစ်ကောင်ရဲ့မွေးတဲ့အချိန်ကနေ သေတဲ့အထိကို လေ့လာခွင့်ရတယ်၊ ပြီးတော့ ဆင်တွေနဲ့ လက်ပွန်တတီး ကိုင်တွယ်ဆက်ဆံခွင့် ရတယ် ဒါတွေဟာ တိရစ္ဆာန်ရုံတွေမှာ မရနိုင်တဲ့ အခွင့်အရေးမျိုးတွေ မြို့ပေါ်တွေမှာ မရနိုင်တဲ့ စိတ်ငြိမ်းချမ်းတည်ငြိမ်မှုမျိုးတွေကို ဖိုးကျားဆင်စခန်းမှာ ရနိုင်တာကြောင့် မိသားစုအလိုက် အပန်းဖြေလာရောက်တဲ့သူက များပါတယ် ဒီမှာတော့ ပြင်သစ်၊ ဂျာမနီ၊ အင်္ဂလန်နိုင်ငံက ခရီးသွားမိသားစုတွေ လာရောက် အပန်းဖြေကြတာ များပါတယ်" ဟု ဖိုးကျားဆင်စခန်း တာဝန်ခံမန်နေဂျာ ကိုမြတ်မင်းက ပြောကြားသည်။
ha-6-1-5
ပြင်သစ်နိုင်ငံ ခရီးသွားမိသားစုအား ဖိုးကျားဆင်စခန်းမှ ဆင်များနှင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က အမှတ်တရဓာတ်ပုံ ရိုက်ကူးနေသည်ကို တွေ့ရစဉ်
ဖိုးကျားဆင်စခန်းသည် သစ်တောရေးရာဝန်ကြီးဌာန၊ တောင်ငူခရိုင် တောင်ငူမြောက် သစ်ထုတ်လုပ်ငန်း သစ်တောကြိုးဝိုင်း ဧရိယာအတွင်း တည်ရှိပြီး ဆင်ကောင်ရေ ၆၀ ကျော်ခန့်ရှိကာ ဧက ၂၀ ၀န်းကျင်ခန့်
အကျယ်ရှိ ဖိုးကျားဆင်စခန်းတွင် ဆင်ကိုးကောင်အား ပြကွက်ပေါင်း ၁၀ ကျော် လေ့ကျင့်သင်ကြားပေးထားပြီး ပြကွက်တစ်ကွက်လျှင် လနှင့်ကြာအောင် လေ့ကျင့်သင်ကြားပေးရကြောင်းလည်း သိရှိရသည်။
ဧက ၂၀ အကျယ်ရှိ ဖိုးကျားဆင်စခန်းအား (Resort) အဖြစ် Asia Green ကုမ္ပဏီမှ ၂၀၀၅ ခုနှစ်တွင် စတင်လုပ်ကိုင်ခွင့် ရရှိထားပြီး တစ်နှစ်လျှင် လေလံကြေး ကျပ်သိန်း ၄၀ ကျော် ပေးသွင်းရကြောင်း၊ ဖိုးကျားဆင်စခန်းသို့ လာရောက်အပန်းဖြေသူများအား ဆင်သရုပ်ပြကကွက်၊ ဆင်စီးတောလည်ခြင်း၊ သစ်လုံးဘန်ဂလို ငှားရမ်းခများအား တစ်ခုချင်းစီအလိုက် အခကြေးငွေ သတ်မှတ်ပြီး ပြည်တွင်းပြည်ပ ဧည့်သည်များအပေါ် မူတည်ကာ မြန်မာကျပ်ငွေနှင့် ဒေါ်လာငွေဈးနှုန်း ခွဲခြားသတ်မှတ်ထားကြောင်း သိရှိရသည်။

ha-6-1-8
ရွှေကြက်ယက် ဆိပ်ကမ်းရှိ စက်သုံးဆီတင် သင်္ဘောများအား ဇန်န၀ါရီလ ၄ ရက်နေ့က တွေ့ရစဉ်
ဧရာဝတီမြစ်အတွင်း ရေဆိုးစွန့်ပစ်မှုများကြောင့် မြစ်ကြောင်းတစ်လျှောက်တွင် ရေထုညစ်ညမ်းမှုများကို ရေနည်းကာလများတွင် သိသိသာသာ ကြုံတွေ့လာရသည်ဟု မြစ်ကမ်းနံဘေး နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။
နွေရာသီ ရေနည်းကာလကို နိုဝင်ဘာလ ၁၅ ရက်မှ မေလ ၁၅ ရက်နေ့အထိ သတ်မှတ်ထားပြီး လက်ရှိမြစ်ကြောင်းအတွင်း ရေနည်းပါးစပြုလာချိန်၌ ရေဆိုးစွန့်ပစ်မှုများကြောင့် ရေချိုလျော့နည်းမှုနှင့် ရေထုညစ်ညမ်းမှုများ တစ်နှစ်ထက်တစ်နှစ် ပိုမိုကြုံတွေ့လာရခြင်း ဖြစ်သည်ဟု မြစ်ကမ်းနံဘေး ဒေသခံများက ဆိုပါသည်။
ဧရာဝတီ မြစ်ကမ်းနံဘေးတွင် နေထိုင်သူများမှာ မြစ်ကြောင်းအတွင်း ရေထုညစ်ညမ်းလာမှုအရ  မြစ်ရေကို ကျိုချက်သောက်သုံးနေရပြီး ထီးချိုင့်မြို့မှ ဒေသခံတစ်ဦးက "မြစ်ကမ်းဘေးမှာ တည်ဆောက်လုပ်ကိုင်နေတဲ့ ဂရိတ်ဝေါ သကြားစက်ကနေ စွန့်ပစ်ရေဆိုးတွေက ဧရာဝတီမြစ်ထဲကို စီးဆင်းနေတာပါ။ အဲဒီစက်ရုံရဲ့ ရေဆိုးစွန့်ပစ်စနစ်က ထွက်ရှိလာတဲ့ ရေဆိုးတွေကို အလျားပေ ၁၀၀၀၊ အနံပေ ၇၀၀ လောက်ရှိတဲ့ မလိုင်ချုံအင်းထဲမှာ စုဆောင်းထားပြီး ကြံရာသီချိန် အောက်တိုဘာကနေ ဇွန်လအထိ မြစ်ထဲကို စွန့်ပစ်တယ်။ ဒါကြောင့် ခုလိုရေနည်းကာလမှာ ရေထုညစ်ညမ်းမှုက ပိုမိုသိသိသာသာရှိလာပြီး ရေဆိုးစွန့်ထုတ်နေတဲ့အချိန်ဆို မြစ်ပြင်တစ်ခုလုံးမှာ အမည်းရောင် ပြင်ကြီးဖြစ်သွားတာပဲ" ဟု ဆိုသည်။
ထို့အတူ အမရပူရမြို့နယ်၊ ရွှေကြက်ယက်ဆိပ်ကမ်းတွင် အဓိကဆိုက်ကပ်ရပ်နားသော စက်သုံးဆီတင် ကုန်သင်္ဘောများ၏ ဆီယိုဖိတ် စီးဆင်းမှုကြောင့်လည်း မြစ်ကြောင်းအတွင်း ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လျက်ရှိပြီး မော်တော်ဆလင်တစ်ဦးက "ရွှေကြက်ယက်ဆိပ်မှာ ရေနည်းကာလဆိုရင် သင်္ဘောဆိုက်ကပ်ဖို့အတွက် နေရာအခက်အခဲဖြစ်ရလို့ သင်္ဘောတွေကို ရေလယ်ခေါင်မှာ ကျောက်ချရပ်နားကြတာ များတယ်။ ဆိပ်ကမ်းမှာ နေရာအခက်အခဲ ရှိတာရယ်၊ သုံးရေအတွက် သန့်ရှင်းမှုမရှိတာရယ်ကြောင့်ပါ။ ရေလယ်မှာက စီးလာတဲ့ရေကို ကျိုချက်သုံးလို့ ရပါသေးတယ်။ ဆိပ်ကမ်းမှာက ဆီတွေ ယိုဖိတ်မှုများတာကြောင့် သန့်ရှင်းမှု မရှိတော့ဘူး" ဟု ဆိုပါသည်။
"ရွှေကြက်ယက်ဆိပ်က ဆီတင်သင်္ဘောတွေရဲ့ ဆီယိုဖိတ်လို့ ရေနည်းကာလဆို ရေက သန့်စင်မှု နည်းလာပါတယ်။ တင်ယူရရှိတဲ့ မြစ်ရေက သန့်စင်မှု မရှိတာရယ်ကြောင့် အရင်နှစ်တွေကဆိုရင် မြစ်ရေတင် စီမံကိန်းက ပေးဝေတဲ့ရေကို ကျိုချက်သောက်သုံးဖို့ အသိပေးတာမျိုး ရှိပါတယ်။ သိုလှောင်ကန်တွေထဲမှာ အနည်ကျစေအောင် နှစ်ညလောက် သိုလှောင်ပြီးမှ ဖြန့်ဝေတာမျိုး လုပ်ရတယ်။ ဒါပေမယ့် ရေတင်ယူရရှိမှု နည်းပါးလာတဲ့ အချိန်မျိုးဆိုရင်တော့ ရေပြတ်လပ်မှု မရှိအောင်ဘဲ ဆောင်ရွက်ရတာမျိုး ရှိတာပေါ့" ဟု စစ်ကိုင်းမြို့ရှိ မြစ်ရေတင်စီမံကိန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ 


ha-6-1-10
အငူမော်ဆိပ်ကမ်းအနီး သဲအိတ်များ စုပုံထားစဉ်
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တောင်ပိုင်း အငူမော်ကျေးရွာအနီးရှိ ပင်လယ်ပြင်မှထွက်ရှိသော အနက်ရောင် သဲများကို ပြည်ပနိုင်ငံများမှ ၀ယ်ယူရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
ထိုသို့ဝယ်ယူရန် ကမ်းလှမ်းမှုများတွင် တရုတ်နိုင်ငံမှ အဓိကပါဝင်ပြီး ဂျပန်နိုင်ငံမှလည်း စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။ အဆိုပါသဲများတွင် ယူရေနီယမ်၊ တိုက်တေနီယမ်နှင့် ပြဒါးများ ပါဝင်ကြောင်း သိရပြီး ၂၀၀၄ ခုနှစ်က တရုတ်ကုမ္ပဏီတစ်ခု အဆိုပါနေရာသို့ လာရောက်ပြီး စမ်းသပ်ထုတ်လုပ်ခြင်းများ ရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သော Gold Finder ကို အငူမော်မှ အလယ်သံကျော် ကမ်းခြေတစ်လျှောက်တွင် စမ်းသပ်မှုများ ပြုလုပ်ခွင့်ပေးထားကြောင်းလည်း ပြည်နယ်စိုးအရအဖွဲ့မှ သိရှိရပါသည်။ အလားတူ အဆိုပါကမ်းခြေတစ်လျှောက်မှ ထွက်ရှိသော သဲများကိုလည်း ကုမ္ပဏီများက ထုတ်လုပ်ရောင်းချခွင့်ရရန် ကြိုးပမ်းလျက်ရှိကြောင်းလည်း သိရှိရပါသည်။ ထိုသဲများသည် သံလိုက်ဆွဲအားရှိသော သဲများဖြစ်သည့်အပြင် အဖိုးထိုက်တန်သော သဲများဖြစ်သဖြင့် ထုတ်လုပ်ရောင်းချခြင်းဖြင့် ဒေသတွင်း အကျိုးအမြတ်များ ရရှိနိုင်မည်ဆိုပါက ပိုမိုကောင်းမွန်မည် ဖြစ်ကြောင်းလည်း ပြောဆိုကြပါသည်။ သို့သော်လည်း ဒေသခံများအနေဖြင့် ရခိုင်ပြည်နယ်အတွင်းမှ ထွက်ရှိသော သယံဇာတတစ်မျိုးအား ဒေသခံများအတွက် ရပိုင်ခွင့်များကို ထည့်တွက်စဉ်းစားမည်ဆိုပါက ပိုမိုကောင်းမွန်မည် ဖြစ်ကြောင်းလည်း ပြောဆိုကြပါသည်။
အငူမော်ကျေးရွာမှ ဒေသခံတစ်ဦးက "ကိုယ့်ဒေသကထွက်တဲ့ သယံဇာတတစ်မျိုးကို တစ်ဦးကောင်းတစ်ယောက်ကောင်း ထုတ်လုပ်ရောင်းချ စားသွားတာမျိုးထက်၊ ရခိုင်ပြည်နယ်အတွက် အကျိုးရှိအောင် အသုံးချမယ်ဆိုရင်တော့ ပိုကောင်းမယ်လို့ မြင်ပါတယ်။ ကမ်းခြေက ရှည်လျားပြီး ဘယ်လောက်အတိုင်းအတာထိ ရှိတယ်ဆိုတာကိုလည်း ကျွန်တော်တို့က မသိတော့ ဘင်္ဂလားဘက်ကို ခိုးထွက်သွားမှာကိုလည်း စိုးရိမ်ပါတယ်။ ဒါပေမယ့် ခိုးမခိုးတော့ အတတ်ပြောဖို့ ခက်တယ်။ ကမ်းခြေလုံခြုံရေးက ရှိတာမဟုတ်တော့ ဘင်္ဂလားဘက်ကို ထွက်နိုင်တယ်လို့လည်း ပြောကြတယ်" ဟု ပြောပါသည်။
အဆိုပါ အငူမော်ကမ်းခြေသည် ရှည်လျားပြီး မောင်တောမြို့နယ် အလယ်သံကျော်အထိ ရောက်ရှိကြောင်း သိရပါသည်။ အဆိုပါ သဲများနှင့်ပတ်သက်ပြီး စိတ်ဝင်စားသူ များပြားနေသော်လည်း စမ်းသပ်ထုတ်လုပ်ခွင့်သာ ပေးထားပြီး ထုတ်ယူတင်ပို့ခွင့်ကို ပေးမထားသဖြင့် တင်ပို့နိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။
စစ်တွေမြို့နှင့် ၁၀ မိုင်ခန့်အကွာ ရသေ့တောင်မြို့နယ်၊ အငူမော်ကမ်းခြေမှ စတင်ကာ မောင်တောမြို့နယ် အလယ်သံကျော်အထိ အဆိုပါသဲများကို တွေ့ရှိနိုင်ကြောင်း ဒေသခံများက ပြောဆိုကြပါသည်။

 
ha-6-1-11
မော့တောင်ဒေသတွင် လျှပ်စစ်မီး သွယ်တန်းရန် ဓာတ်တိုင်စိုက်ထူနေစဉ်
ထိုင်းနိုင်ငံ ပရာကျွတ်ကရိခံ ခရိုင်အတွင်းမှ လျှပ်စစ်ဓာတ်အားများကို ဈေးနှုန်းချိုသာစွာဖြင့် မြန်မာနိုင်ငံ မော့တောင်ဒေသနှင့် တနင်္သာရီမြို့အထိ သွယ်တန်းဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံအတွင်းမှ လျှပ်စစ်ဓာတ်အားများကို ဈေးနှုန်းချိုသာစွာဖြင့် ရရှိနိုင်ရန် စီစဉ်ဆောင်ရွက်နေပြီး နယ်စပ်ဒေသ မော့တောင်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်း သွယ်တန်းပေးမည်ဖြစ်ကာ တနင်္သာရီမြို့နယ်အထိ သွယ်တန်းသွားရန် စီစဉ်ထားကြောင်း လျှပ်စစ်မီးရရှိရန် စီစဉ်နေသူများက ပြောကြားခဲ့သည်။
"အခုလက်ရှိ အနေအထားအရ မော့တောင်က အမှတ် ၃ ရပ်ကွက်အထိ သွယ်တန်းပြီးစီးအောင် ဆောင်ရွက်နေပါတယ်။ ဒီလကုန်အတွင်းမှာ လျှပ်စစ်မီးရရှိနိုင်ဖို့ လုပ်ဆောင်နေပြီး အဓိကရည်မှန်းထားတာကတော့ တနင်္သာရီမြို့နယ်အထိ သွယ်တန်းနိုင်အောင် လုပ်ဆောင်သွားဖို့ ရှိပါတယ်။ လမ်းတစ်လျှောက်မှာရှိတဲ့ ရွာတွေလည်း လျှပ်စစ်မီး ရရှိသွားမှာဖြစ်ပြီး နောက်ပိုင်းမြိတ်မြို့အထိ လျှပ်စစ်မီးကို ဈေးနှုန်းချိုသာစွာ ရရှိအောင် တစ်ဆင့်ချင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မြိတ်မြို့အထိ သွယ်တန်းဖို့က အချိန်နည်းနည်း ယူသွားရမှာဖြစ်ပြီး မကြာခင် ဖွင့်လှစ်မယ့် မော့တောင်နယ်စပ် ကုန်သွယ်ရေးစခန်းကို အဓိကထား လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်" ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ လျှပ်စစ်ဓာတ်အား သွယ်တန်းမှုကို ဖိုးသီးချိုကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
"ထိုင်းနိုင်ငံအတွင်းက ဓာတ်ငွေ့၊ ရေအားလျှပ်စစ် စတဲ့လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေကနေတစ်ဆင့် လျှပ်စစ်ဓာတ်အားတွေကို မဟာဓာတ်အားလိုင်းတွေနဲ့ ပရာကျွတ်ထဲကို သွယ်တန်းထားပြီး ကျွန်တော်တို့က အဲဒီကနေတစ်ဆင့် လျှပ်စစ်ဓာတ်အားကို ပြန်သွယ်တန်းပြီး ဖြန့်ဝေပေးမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအတွင်းမှာ လျှပ်စစ်ဓာတ်အားကို တစ်ယူနစ် ရှစ်ဘတ်လောက်နဲ့ ရရှိနိုင်ဖို့ ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံအတွင်းမှာလည်း အဲဒီဈေးနှုန်းထက် အနည်းငယ်လောက်ပဲ ပိုမယ်လို့ ထင်ပါတယ်" ဟု တာဝန်ရှိသူတစ်ဦးက ပြောပါသည်။    


ha-6-1-12
ဧရာဝတီ မြစ်ကူးတံတားအနီးရှိ ပခုက္ကူဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော ရေယာဉ်များအား တွေ့ရစဉ်
မြန်မာနိုင်ငံ အောက်ပိုင်းဒေသများမှ ပခုက္ကူမြို့သို့ ဆန်၊ ဆားနှင့် ဘိလပ်မြေ သယ်ယူပို့ဆောင်ပေးနေသော ရေယာဉ်များသည် ဧရာဝတီမြစ်အတွင်း မော်တော်များသွားလာရန် ခက်ခဲသော ရေတိမ်နေရာများ၌ ရေကြောင်းပြ အမှတ်အသားများ လွဲမှားနေခြင်း၊ အချို့နေရာများတွင် အမှတ်အသား မထားရှိခြင်းတို့နှင့် ရေအောက်ကျောက်ဆောင်၊ သစ်ငုတ်ရှိနေရာများတွင်လည်း အမှတ်အသားများ ပြသထားခြင်း မရှိသောကြောင့် သတိပြု သွားလာနေရကြောင်း သတင်းရရှိပါသည်။
မြန်မာနိုင်ငံ အောက်ပိုင်းဒေသများမှ ဆန်သစ်များ အညာဒေသများသို့ တင်ပို့ရောင်းချချိန် ဖြစ်သောကြောင့် ရေကြောင်းသွားလာရေး အရေးကြီးသော ကာလတစ်ခုဖြစ်သည့်အတွက် တာဝန်ရှိသူများအနေဖြင့် ရေတိမ်နေရာများနှင့် ကျောက်ဆောင်၊ သစ်ငုတ်ရှိ နေရာများအား ရေကြောင်းအမှတ်အသားများ သေချာပြုလုပ်ထားသင့်ကြောင်း ရေယာဉ်မောင်းများက ဝေဖန်ပြောဆိုနေကြောင်း သိရသည်။
"အခု ရေနည်းကာလက မော်တော်တွေအတွက် အရေးပါတဲ့ ကာလပါ။ အောက်ပိုင်းမှာ ဆန်သစ်ပေါ်ချိန်ဆိုတော့ အညာကို ဆန်သယ်ပေးနေရတာ။ မြောင်းမြကနေ ထွက်လာရင် ဓနုဖြူအောက်ပိုင်း ကပ်သ၀ံနဲ့ ချောင်းကြီးအတက်ဆိုရင် ရေကြောင်းက တအားကျပ်နေပြီ။ ဒါပေမယ့် ရေကြောင်းပြတဲ့ ဘောအမှတ်အသားက လုံးဝမရှိဘူး။ ထုံးဖိုနဲ့ တရုတ်မှော်နားဆိုရင် ကျောက်ဆောင်ရော သစ်ငုတ်ရောရှိတယ်။ ဒါပေမယ့် ဘောအမှတ်အသား လုံးဝမရှိတော့ ကိုယ်တိုင်ပဲ ရေကြောင်းရှာပြီး လွတ်အောင်မောင်းနေရတယ်။ မကွေးတံတားနားနဲ့ ညောင်ဦး၊ ပခုက္ကူအ၀င်တွေဆို ရေကြောင်းပြဘောတွေ လွဲနေတာနဲ့။ ဘောပြမထားတာနဲ့ ဂရုစိုက်မောင်းရတယ်။ ပခုက္ကူ ကျားပါးစပ်နားဆိုရင် ကုန်းပေါ်အမှတ်အသားကမှန်ပြီး ရေထဲပြတဲ့ ဘောက မှားပြန်ရော။ အဲဒီနေရာမျိုးတွေဆိုရင် စက်လှေအသေးကို အရင်မောင်းခိုင်းပြီး စကားပြောစက်နဲ့ လှမ်းပြောပြီး မောင်းနေရတာ။ သောင်တွေရေ တိမ်နေရာတွေနဲ့ ကျောက်ဆောင်ရှိတဲ့ နေရာတွေကို ရေကြောင်းရှာ မောင်းနေရတော့ ကုန်ကျစရိတ်တွေလည်းတက်ပြီး နှစ်ရက် သုံးရက်လောက် ပိုမောင်းနေရတယ်" ဟု ကံပြည့်စုံ မော်တော်မှ ဆလင်ကြီး ဦးတိုးက ပြောပါသည်။
"ရေကြောင်းကတော့ တအားကျပ်နေပေမယ့်လို့ ရေကြောင်းပြ အမှတ်အသားတွေက ပြမထားတာနဲ့ ပြတဲ့ဟာကြတော့လည်း တလွဲဖြစ်နေတာနဲ့ ကိုယ်ဟာကိုယ်ပဲ ရေစမ်းပြီး မောင်းရတယ်။ ဧရာဝတီမြစ်တစ်လျှောက် ရေတိမ်နေရာ အတော်များများမှာ အမှတ်အသားပြဘော မရှိဘူး။ အစိုးရပြတဲ့ ရေကြောင်းတွေက သိပ်မကောင်းတော့ ကိုယ်အဆင်ပြေမယ့် နေရာကို ရွေးပြီးမောင်းနေရတယ်။ အခုလို ရေနည်းချိန်မှာ ရေကြောင်းတာဝန်ရှိသူတွေအနေနဲ့ ရေကြောင်းအမှတ်အသားတွေကို သေချာလေး လုပ်သင့်တယ်" ဟု စိန်ရတီမော်တော်မှ ဆလင်ကြီး ဦးဟန်ရှိန်က ပြောပါသည်။


thn-1-5-5
ဗဟန်း မြို့နယ်၊မြလမ်း မှတ်တိုင်အနီး ဦးချစ်မောင်လမ်းမပေါ်တွင် ဇန်န၀ါရီလ ၆ရက်နေ့ နံနက် ၁နာရီ ၁၀မိ နစ်အချိန် ၀န်းကျင်ခန့်က ဟိုင်းလတ် ခရီးသည်တင်ယာဉ်တစ်စီး လမ်းလယ်မှ ဓာတ်တိုင်အား ၀င်တိုက်မိရာ နှစ် ဦး ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ တာမွေအ၀ိုင်းဘက်မှ ရန်ကင်းစင်တာဘက်သို့ အရှိန်ပြင်းစွာ မောင်းနှင်လာသည့်  ၁၀၇ ယာဉ်လိုင်းမှ ဟိုင်းလတ်ခရီးသည်တင်ယာဉ် ယာဉ်အမှတ် ဓ/၃၄၃၈ မော်တော်ယာဉ်သည် မြလမ်းမှတ်တိုင်အနီး ဦးချစ်မောင်အိမ်ယာရှေ့ အရောက်တွင် လမ်းလယ်မှ ဓာတ်တိုင်အား ၀င်တိုက်မိခြင်းဖြစ်ကြောင်း ဖြစ်စဉ်အနီးရှိ မျက်မြင်တွေ့ရှိသူများ၏ ပြောပြချက်အရ သိရသည်။
''အကိုက ညဘက်ဖွင့်ထားတဲ့ ထမင်းဆိုင်မှာ ထမင်းကြော်စားနေတာ ''၀ုန်း''ဆိုတဲ့ အသံကြားလို့ ကြည့်လိုက်တော့ ဓါတ်တိုင်ကို ကားတစ်စီး ၀င်တိုက်တာကို တွေ့ရတာပါ။အဲဒီကားက စောစောက အကိုတို့ ရှေ့က အရှိန်နဲ့ မောင်းသွားတဲ့ကားပဲ။ယာဉ်မောင်းနဲ့ ယာဉ်အကူရော နှစ်ယောက်လုံး ကားထဲမှာ ညှပ်နေတော့ ဒီနားမှာရှိတဲ့သူတွေ ၀ိုင်းပြီး ဆွဲထုတ်ကြတာ။ခရီးသည်မပါလို့ တော်သေးတယ်။ ယာဉ်မောင်းသူကတော့ကား အပြင်ရောက်တော့ ဘယ်ကိုထွက်သွားတယ်ဆိုတာ မသိလိုက် ဘူး။စပယ်ယာကတော့ ဒဏ်ရာပြင်းတဲ့ အတွက် တက္ကစီငှားပြီး ဆေးရုံကိုပို့တာ တွေ့လိုက်ရတယ်'' ဟု ယာဉ်တိုက်မှုဖြစ်စဉ်အနီးတွင်ရှိသူ ကိုဇော်ဇော်က ပြောပြပါသည်။
အဆိုပါ ယာဉ်ဝင်တိုက်ခဲ့သော လမ်းမီးတိုင်ရှိ မီးသီးကြွေကျ ပေါက်ကွဲပြီး ဓါတ်ကြိုးအချို့ ပြတ်ကျခဲ့ကြောင်း သိရှိရပါသည်။
 


ha-6-1-6
ပြန်လည်ဖွင့်လှစ်နေပြီဖြစ်သော ဆင်မလိုက်ဈေးသစ်ကြီးအား တွေ့ရစဉ်
၂၀၁၀ ပြည့်နှစ်ကတည်းက ယခင်ဈေးဟောင်းအား ဖျက်သိမ်း၍ အဆင့်မြင့်ဈေးသစ်ကြီးအဖြစ် ပြန်လည်တည်ဆောက်ခဲ့သော ဆင်မလိုက် ဈေးသစ်ကြီးအား ဇန်န၀ါရီလ ၄ ရက်နေ့မှ စတင်၍ ပြန်လည်ဖွင့်ကာ ဈေးရောင်းချခွင့် ပေးနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာနမှ သတင်းရရှိသည်။
"ဈေးသစ်ကြီးကို ပြန်ဖွင့်ဖို့အတွက် မျှော်ခဲ့ရတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ယာယီဈေးအဖြစ် ချပေးခဲ့တဲ့နေရာမှာက ဈေးရောင်းဝယ်ရတာ အဆင်မပြေဘူး။ ပြီးတော့ ဈေးသစ်မှာ ဆိုင်ခန်းပြန်မရမှာကို စိုးရိမ်ခဲ့ရတာပါ။ အခုလည်း ဈေးသစ်ကြီးမှာ ပြန်ရောင်းရဖို့အတွက် သုံးနှစ်နီးပါးလောက် စောင့်ခဲ့ရပါတယ်" ဟု ဆင်မလိုက်ဈေးသစ်ကြီးမှ ဈေးဆိုင်ခန်းပိုင်ရှင်တစ်ဦးက ပြောပြခဲ့သည်။
ယခင်ဆင်မလိုက်ဈေးဟောင်းသည် မြေစိုက်ဈေးဖြစ်ပြီး ယင်းဈေးအား အဆင့်မြင့်ဈေးအဖြစ် ပြန်လည်ဆောက်လုပ်ရန်အတွက် ၂၀၁၀ ပြည့်နှစ် နှစ်ဆန်းပိုင်းကတည်းက စီစဉ်ခဲ့ခြင်းဖြစ်ပြီး ဈေးဆိုင်ခန်းများကို ကမာရွတ်မြို့နယ်၊ ပြည်ရိပ်မွန် (၆) ရပ်ကွက်၊ ကမာရွတ်ရဲစခန်းအနီးသို့ ယာယီဈေးအဖြစ် ပြောင်းရွှေ့ရောင်းချစေခဲ့ခြင်းဖြစ်ပြီး ယခင်က တစ်နှစ်ခွဲကာလအတွင်း အပြီးတည်ဆောက်ပေးမည်ဟု ပြောကြားခဲ့သော်လည်း ယခုအချိန်မှသာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရှိရပါသည်။


ygnjan6
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၆ ရက်နေ့ ည ၇ နာရီဝန်းကျင်ခန့်က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ဓမ္မစေတီလမ်းနှင့် ဗားဂရာလမ်းထောင့်ရှိ ပန်းခြံတာဝါ၏ အပေါ်ဆုံးထပ် ၁၁ လွှာမှ အမျိုးသားတစ်ဦး ခုန်ချသေဆုံး သွားကြောင်း သိရပါသည်။

သေဆုံးသူမှာ ရန်ကုန်မြို့ အလုံမြို့နယ် ငုဝါလမ်းတွင် နေထိုင်သူ အသက် ၃၀ ၀န်းကျင် ကိုအောင်ကျော်ထူး ဆိုသူဖြစ်ပြီး ခုန်ချမသေဆုံးမီ သေတမ်းစာ တစ်စောင်ကို ရေးထားခဲ့ကြောင်းလည်း ရပ်ကွက် တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

''တာဝါရဲ့ အပေါ်ဆုံးထပ်က နေခုန်ချသွားတာပါ။ သေတမ်းစာနဲ့ သူ့ပစ္စည်းအချို့ကို သက်ဆိုင်ရာက သက်သေအဖြစ် သိမ်းထားပါတယ်'' ဟု အဆိုပါတာဝန်ရှိသူတစ်ဦးက ပြောပါသည်။ အခင်းဖြစ်ပွားသော နေရာအနီးရှိသူတစ်ဦးက' 'သေသွားတဲ့ ကောင်လေးက အရင်ဒီနားက ကုမ္ပဏီတစ်ခုမှာ လုံခြုံရေးလုပ်တာပါ။ ကောင်လေးက စိတ်အခြေအနေပုံမှန် မဟုတ်ဘူးလို့လည်း ပြောကြတယ်'' ဟု ပြောပါသည်။
သေဆုံးသူမှာ ဦးခေါင်းကွဲ ဒဏ်ရာနှင့် အရိုးကျိုး ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်းနှင့် အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ စမ်းချောင်းမြို့နယ် ရဲစခန်းမှ အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ ဇန်န၀ါရီလ ၄ ရက်ကလည်း မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ နန်းမြန်မာပလာဇာ အဆောက်အဦ၏ ၁၇ ထပ်အမြင့်မှ ၆ထပ်အမြင့်ပေါ်သို့ အသက် ၁၇နှစ်အရွယ် ပန်းရံအမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့သည်။

Copyright © Sex Tube.